play

 

မြစ်ဆုံဆည်ဆောက်လုပ်ဖို့ မသင့်နဲ့ပတ်သက်တဲ့ အစီရင်ခံစာက နိုင်ငံတော်သမ္မတထံတင်ပြမယ့်အဆင့်ကို ရောက်ရှိနေပြီလို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဒီဇင်ဘာ ၉ ရက်မှာ 7Day Daily သတင်းစာကို ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့တရုတ်နိုင်ငံခရီးစဉ်အပြန်မှာ မြစ်ဆုံဆည်နဲ့ပတ်သက်ပြီး ထူးခြားတဲ့ လမ်းညွှန်မှုရှိ၊ မရှိနဲ့ မြစ်ဆုံအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံတင်ပြမယ့် အခြေအနေတွေကိုမေးမြန်းရာ ဝန်ကြီးချုပ်က အခုလိုဖြေကြားခဲ့တာ ဖြစ်ပါတယ်။

 ‘‘အဲဒီဟာက နောက်ဆုံးသမ္မတ ကြီးဆီတင်ဖို့ အဆင့်တော့ရောက် နေပြီ။ သမ္မတကြီးဆီ တင်ဖို့ နောက်ဆုံး အဆင့်ပေါ့လေ။ အဲဒါပြန်ပြီး ဆန်းစစ်စိစစ်ပြီး တင်ဖို့အဆင့် ရောက်နေပြီလို့ ကြားသိရတာပေါ့’’လို့ ဒေါက်တာခက်အောင်က ဖြေကြားခဲ့ပြီး နိုင်ငံတော်သမ္မတထံ တင်ပြမယ့်အချိန်ကိုတော့ ပြောကြားတာ မရှိခဲ့ပါဘူး။

play

 

ဧရာဝတီမြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ်သုံး သပ်ရေးကော်မရှင်ကို အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ တင်ပြဖို့ ကြန့်ကြာနေရတာက ပြည့်စုံတဲ့အစီရင်ခံစာ ဖြစ်ပေါ်စေဖို့ ဆွေးနွေးညှိနှိုင်း အကြံဉာဏ်တွေ ရယူနေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ဆန္ဒအတိုင်း ဖြစ်လာမယ်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြောထားဘူးပါတယ်။

ကချင်ပြည်နယ် မေခနဲ့ မလိခ မြစ်ပေါင်းဆုံတဲ့နေရာမှာ ဆည်တည်ဆောက်ဖို့ တပ်မတော် အစိုးရလက်ထက်က သဘောတူညီခဲ့တာ ဖြစ်ပြီး ဒီစီမံကိန်းကြောင့် မြစ်ဆုံဒေသသာမက ဧရာဝတီမြစ်တစ်လျှောက်ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်လို့ ပြည်သူတွေက ကန့်ကွက်ခဲ့တာကြောင့် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ စက်တင်ဘာမှာ ယာယီရပ်ဆိုင်းခဲ့တာ ခြောက်နှစ်ကျော်ပြီ ဖြစ်ပါတယ်။

Source : 7DayDaily

Photos : mmtimes,mizzima

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video