play

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ခုမှာ ရေသုံးစွဲမှု စနစ်မကျတဲ့အတွက် တိုင်းအစိုးရအဖွဲ့က ဝင်ရောက်ကြီးကြပ်မယ်လို့ ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ သီလဝါ စီးပွားရေးဇုန်ကလွဲပြီး ကျန်စက်မှုဇုန်တွေက မြေအောက်ရေကို စနစ်တကျ အသုံးမပြုတာနဲ့ ရေဆိုးစွန့်ပစ်တဲ့စနစ် မပါဝင်တာတွေကြောင့် တိုင်းအစိုးရက ဝင်ရောက်ထိန်းသိမ်းဖို့ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

“အရင်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူမယ်ပြောတာပဲ။ တကယ်လုပ်မှ မလုပ်တာ။ မြေအောက် ရေသုံးတာက အလုပ်သမားတွေ ဒီလောက်ရှိတာ အစိုးရက ရေမပေးနိုင်တော့ သုံးမှာပဲ။ ဒါကိုပြောလို့မရဘူး။ စည်ပင်က ပေးတဲ့ရေရှိပေမယ့် ရေအားနည်းတော့ သုံးလို့ မရဘူး”လို့ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောပါတယ်။

play
ရန်ကုန်မြို့ရှိ စက်မှုဇုန်အများစုမှာ ရေဆိုးစွန့်ပစ်တဲ့ စနစ်မရှိကြပါဘူး။

 

အရင် အစိုးရအဆက်ဆက်က ဖော်ဆောင်ခဲ့တဲ့ စက်မှုဇုန်တွေက ဘတ်ဂျက် မလုံလောက်တာကြောင့် ရေဆိုးစွန့်ပစ်တဲ့ စနစ်ကို မထည့်သွင်းနိုင်ခဲ့ဘဲ လက်ရှိ အစိုးရလက်ထက်မှာလည်း ကူညီဆောင်ရွက်ပေးတာမရှိလို့ ရေဆိုးစွန့်ပစ်တဲ့စနစ်ကို စက်ရုံအများစုက ဆောင်ရွက်ခြင်း မရှိဘူးလို့ စက်ရုံပိုင်ရှင်တွေက ပြောပါတယ်။

လက်ရှိ ရန်ကုန်စက်မှုဇုန်တွေမှာ ရေဆိုးစွန့်ပစ်တာတွေနဲ့ ပတ်သက်ပြီး စက်ရုံအနည်းစုကသာ ဆောင်ရွက်နေကာ မကြာမီကာလအတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက အဆိုပါကိစ္စရပ်နဲ့ ပတ်သက်ပြီး အမိန့်ကြော်ငြာစာ ထွက်လာရင် စက်ရုံတွေအနေနဲ့ ကိုးလအတွင်း အပြီးသတ် ဆောင်ရွက်ရမှာဖြစ်ကာ မပြီးစီးရင် အရေးယူခံရမယ်လို့ အဆိုပါ ဝန်ကြီးဌာနကနေ သိရပါတယ်။

Source : The Voice

Photos : Dailymail,mbt

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video