AD
AD
AD
play

 

နိုင်ငံထဲက အောင်မြင်ပြီး လုပ်ငန်းရှင်ကြီးတွေအနေနဲ့ လုပ်ငန်းသစ်တွေ စတင်လုပ်ကိုင်နေတဲ့ လူငယ်လုပ်ငန်း ရှင်အသစ်တွေကို အားပေးကူ ညီနိုင်ဖို့ လမ်းညွှန်ပေးနိုင်မယ့် ကွန်ရက်တစ်ခု တည်ထောင်သင့်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၉ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ-၂ မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်မြောက် လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေရဲ့ ထိပ်သီးညီလာခံဖွင့်ပွဲအခမ်းအနား လမ်းညွှန်အမှာစကားမှာ နိုင်ငံတော်အတိုင်ပင်ခံက အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

‘‘အောင်မြင်တဲ့ လုပ်ငန်းရှင် ကြီးတွေက စတင်စလုပ်ငန်းသစ် ကလေးတွေမှာ အစုရှယ်ယာ ထည့်ဝင်ပြီး ဒီလိုလုပ်ငန်းသစ်ကလေးတွေကို အောင်မြင်အောင် ပူးပေါင်းကူညီပေးဖို့ လိုပါတယ်’’လို့ ဒေါ်အောင်ဆန်းစုကြည်က အကြံပြုပါတယ်။

play

 

ဒါ့အပြင် လုပ်ငန်းရှင်ကြီးတွေအနေနဲ့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ဒေသဆိုင်ရာအတွေ့အကြုံတွေကို လူငယ်တွေကိုပြန်လည် မျှဝေပေးကြဖို့နဲ့ လူငယ်တွေအနေနဲ့ အဆိုပါအတွေ့အကြုံတွေကနေ တစ်ဆင့် တီထွင်ဆန်းသစ်မှုတွေ ဆက်လက်ပြုလုပ်ကြဖို့ သတိပေးစကားလည်း ပြောကြားခဲ့ပါတယ်။

 နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးဆောင်ရွက်ရာမှာ 3M (Money, Market, Mentorship) အဓိကလိုအပ်မှာဖြစ်ပြီး ငွေကြေးနဲ့ပတ်သက်ပြီး လူငယ်စွန့် ဦးတီထွင် လုပ်ငန်းရှင်တွေ အတွက် ရင်းနှီးငွေ၊ ချေးငွေရရှိရေးက အခက်အခဲတွေ ရှိနေသေးတာကို သိရှိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံပြောကြားခဲ့ပါတယ်။

ဒုတိယအကြိမ် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေရဲ့ ထိပ်သီးညီလာခံ ၂၀၁၇ မှာ ပြခန်း ၄၃ ခန်း ခင်းကျင်း ပြသထားပါတယ်။

Source : 7Day

Photos : MSCO

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD