ရန်ကုန်မြို့ မြို့နယ် ခြောက်မြို့နယ်ရဲ့ လေထုညစ်ညမ်းမှု ပမာဏက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ စံသတ်မှတ်ချက်တွေထက် ကျော် လွန်နေတယ် စိမ်းလန်းအမိမြေအသင်းရဲ့ သုတေသနစာတမ်းအရ သိရပါတယ်။ အဆိုမြို့နယ်ခြောက်မြို့နယ်ရဲ့ နေရာ ၉ ခုမှာပြုလုပ်ခဲ့တဲ့ လေထုညစ်ညမ်းမှု အခြေအနေတိုင်းတာချက်အရ အခုလိုတွေ့ရှိခဲ့တာဖြစ်ပြီး ကြည့်မြင်တိုင်မြို့နယ်က လေထုညစ်ညမ်းမှု အများဆုံးနေရာဖြစ်တယ်လို့ စိမ်းလန်းအမိမြေအသင်းရဲ့ ဥက္ကဌ ဦးဝင်းမျိုးသူက ပြောပါတယ်။
ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှု အခြေအနေတွေကို ဆရာတို့ အကြမ်းဖျင်း တိုင်းထားတာရှိတယ်။ လက်ရှိရတဲ့အချက်အရဆိုရင်တော့ နေ့လယ် ၈ နာရီ ပျမ်းမျှအရဆိုရင်တော့ ရန်ကုန်မြို့ရဲ့ လေထုက ညစ်ညမ်းနေတယ်ပေါ့။ ဆရာတို့ တိုင်းတဲ့နေရာတွေက ညစ်ညမ်းနေတာများတယ်ပေါ့။ မြို့ထဲပိုင်းတွေ များတယ်။ မြေနီကုန်းတို့၊ မြို့ထဲတို့ ဘုရင့်နောင်တို့ အစရှိသည်ဖြင့်ပေါ့။ ကြည့်မြင်တိုင် ကတော့ တော်တော်ညစ်ညမ်းတဲ့အထဲပါတယ်။"လို့ ဦးဝင်းမျိုးသူက ပြောပါတယ်။
လေထုညစ်ညမ်းမှု တိုင်းတာတာတွေကို စက်မှုဇုန်လိုနေရာတွေ၊ လူနေထူထပ်ပြီး ယာဉ်ကြောသွားလာမှုများတဲ့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ၊ စမ်းချောင်းမြို့နယ် မြေနီကုန်းလမ်းဆုံ၊ ကျောက်တံတားမြို့နယ် ဆူးလေလမ်းဆုံ၊ ကြည့်မြင်တိုင်မြို့နယ်၊ မင်္ဂလာဒုံစက်မှုဇုန်၊ တာမွေမြို့နယ်၊ လှိုင်သာယာမြို့နယ်တို့မှာ စမ်းသပ်တိုင်းတာခဲ့တာဖြစ်ပါတယ်။
အဆိုပါနေရာတွေမှာ လေထုညစ်ညမ်းမှုကို ဖြစ်စေတဲ့ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက် ဆိုက်၊ နိုက်ထရိုဂျင်အောက်ဆိုက် စတဲ့ ဓာတ်ငွေ့တွေက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရဲ့ သတ်မှတ်ထားတဲ့ စံနှုန်းထက် မြင့်မားနေတယ်လို့ သုတေသနစာတမ်းအရ သိရပါတယ်။
Source : 7DayDaily
Photos : myanamrnet,mmtimes