AD
AD
AD
play

 

ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဦးစီးကျင်းပမယ့် နှစ်သစ်ကူးတရားပွဲတော်ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ၂၀၁၈ ဇန်နဝါရီ ၁ ရက်ကနေ ၃ ရက်အထိ သုံးရက်ဆက်တိုက် ကျင်းပမယ်လို့ သိရပါတယ်။
အဆိုပါတရားပွဲမှာ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ၊ သီတဂူဆရာတော် အရှင်ဒေါက်တာဉာဏိဿရ၊ ရွှေပါရမီ တောရဆရာတော် အရှင်ဆန္ဒာဓိကတို့က ဟောကြားသွားမယ်လို့ သိရပါတယ်။

နှစ်သစ်ကူးတရားပွဲကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ၂၀၁၇ မှာ စတင်ကျင်းပခဲ့ပြီး သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၊ ယောဆရာတော် အရှင်သီရိန္ဒာဘိဝံသ၊ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၊ ရွှေပါရမီတောရဆရာတော် အရှင် ဆန္ဒာဓိက၊ အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)တို့က တရားတော်တွေ ငါးရက်ဆက်တိုက် ဟောကြားချီးမြှင့်ခဲ့ကြပါတယ်။

တရားပွဲကျင်းပနေတဲ့အချိန်မှာ လမ်းအသုံးပြုခွင့် ပိတ်၊ မပိတ် တိုင်းအစိုးရအဖွဲ့က ဒီဇင်ဘာ ၁၀ ရက်အထိ ညွှန်ကြားထားတာ မရှိသေးဘူးလို့ ရန်ကုန်တိုင်း အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

Source & Photo : 7DayDaily

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD