AD
AD
AD

ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ပြည်သူလူထုအခြေပြု ထိုးနှံပေးခြင်း ကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဒီဇင်ဘာ ၁၁ ရက်က ၂၀ ရက်နေ့အထိ ထိုးနှံပေးနေပြီ ဖြစ်ပါတယ်။

အသက် ၉ လကနေ ၅ နှစ်အောက်ကလေးတွေ၊ အသက် ၁၅ နှစ်အောက် ကျောင်းမနေတဲ့ကလေးတွေနဲ့၊ ကျောင်းတွေမှာ ကာကွယ်ဆေး မထိုးခဲ့ရတဲ့ ကလေးတွေကို ထိုးနှံပေးနေတာဖြစ်ပါတယ်။

“ ကျွန်မကလေးကတော့ အသက် ၁ နှစ် ၃ လအရွယ်ပါ။ ရပ်ကွက်တွေမှာ စာရင်းလိုက်ကောက်တော့ စာရင်းပေးထားပါတယ်။ ၁၄ ရက်နေ့မှာ ထိုးရမယ်လို့ ကတ်ပြားရထားပြီးပါပြီ။ ကလေးက ရောဂါအခံလည်း မရှိပါဘူး။ နေကောင်းပါတယ်” ဟု ဒဂုံဆိပ်ကမ်းမြို့နယ်မှာ နေထိုင်တဲ့ မိခင်တစ်ဦးကတော့ အခုလိုပြောပါတယ်။

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးအစုလိုက်ထိုးနှံပေးခြင်းကို  နိုဝင်ဘာလ ကစတင်ခဲ့တာဖြစ်ပြီး အဆိုပါကာကွယ်ဆေးထိုးနှံပေးပြီးနောက် ကလေး ၅ ဦးသေဆုံးခဲ့ပြီး သေဆုံးခဲ့ရတဲ့ ကလေးတွေဟာ ကာကွယ်ဆေးထိုးပြီးချိန်နဲံ တိုက်ဆ်ုင်ပြီး အခြားရောဂါ အခံတွေကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲံပါတယ်။

ကျောင်းအခြေပြုအဖြစ် နိုဝင်ဘာလ ၁၅ ရက်ကနေ ၂၃ ရက်နေ့အထိ ကျောင်းသားကျောင်းသူပေါင်း ၈ ဒသမ ၂ သန်းကို ထိုးနှံပေးခဲ့ပြီးလို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားမှုအများဆုံး နိုင်ငံ ၂၄ နိုင်ငံထဲမှာတစ်ခု အပါအ၀င် ဖြစ်ပြီး ရောဂါဖြစ်ပွားပါက ပျောက်ကင်းအောင်ကုသနိုင်တဲ့ ဆေးမရှိသေးဘူးလို့ သိရပါတယ်။

၂၀၁၈ ခုနှစ် ဇန်န၀ါရီလက စတင်ကာ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးခြင်းကိုကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်မှာ ထည့်သွင်းသွားမှာ ဖြစ်ပြီး အသက် ၉ လပြည့်ပြီးတိုင်း ကလေးအားလုံးကို ထိုးနှံပေးသွားမှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD