play
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် Teaser စမ်းသပ်ရိုက်ကူးခဲ့သည့် မြင်ကွင်း။

 

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ဇာတ်ကားမှာ လိုအပ်မယ့် အသုံးအဆောင်ပစ္စည်းတွေကို ကာကွယ်ရေးဝန်ကြီးဌာန အပါအ၀င် သက်ဆိုင်ရာဝန်ကြီးဌာနတွေက ကူညီပေးမယ့်အကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံက ပြောပါတယ်။

‘‘ကာကွယ်ရေးနဲ့ ဆက်စပ်တာတွေ၊ ယမ်းဖောက်ခွဲတာတို့၊ လက် နက်၊ အ၀တ်အစားတို့ စသဖြင့်ပေါ့။ ဒီဟာတွေကို ကာကွယ်ရေးက ထောက်ပံ့လိမ့်မယ်’’လို့ ဒီဇင်ဘာ ၁၁ ရက်မှာ နေပြည်တော်၌ကျင်းပခဲ့တဲ့ (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံတွေရဲ့ စာကြည့်တိုက်မှူးညီလာခံ ဆက်စပ်အစည်းအဝေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဦးထွန်းအုံက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

play

 

ဗိုလ်ချုပ်အောင်ဆန်းအသုံးပြုခဲ့တဲ့ အဆောက်အအုံတွေအပါအ၀င် လေယာဉ်နှင့်အသုံးအဆောင်ပစ္စည်းများကိုလည်း ကာကွယ်ရေး ၀န်ကြီးဌာနက ကူညီသွားမယ်လို့ သိရပါတယ်။

မူလက အဆိုပါရုပ်ရှင်ဇာတ်ကားအတွက် ကျပ်သိန်းသုံးသောင်း အကုန်အကျခံရိုက်ကူးဖို့ ရည်ရွယ်ထားပေမယ့် လက်ရှိဇာတ် ကားရိုက်ကူးဖို့ သိန်းရှစ်ထောင်ခန့်ပဲ ရှိတော့လို့ ဇာတ်ညွှန်းကို ပြန်လည်ပြင်ဆင်ရေးဆွဲနေကြောင်း ရုပ်ရှင်ရိုက်ကူးမယ့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ရိုက်ကူးရေးလုပ်ငန်းစဉ်ကို ၂၀၁၈ ဇန်န၀ါရီ ၁ ရက်မှာ စတင်မှာဖြစ်ပြီး ၂ နှစ်အချိန်ယူ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

Source : 7DayDaily

Photos : Bogyoke Aung San Movie

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video