AD
AD
AD
play

 

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းအကြွင်းအကျန်၊ လေဖိအားနည်းရပ်ဝန်းနဲ့ ဆက်စပ်နေတဲ့ တိမ်တိုက်စုတွေကြောင့် နောက်သုံးရက်အတွင်း မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေမှာ မိုးအနည်းငယ် ဆက်လက် ရွာသွန်းနိုင်ကြောင်း မိုးဇလ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပါတယ်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေမှာ မိုးအနည်းငယ်ရွာနိုင်ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့ နောက်ပိုင်းမှာ ညအပူချိန်တွေ လျော့နည်းကာ အအေးပြန်ပိုလာနိုင်တယ်လို့ ဆိုပါတယ်။

play
ဒီဇင်ဘာလ ၁၁ ရက်နေ့ တောင်ကြီးမြို့မနက်ခင်းမြင်ကွင်း။

 

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ မိုးဆက်လက် ထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဘင်္ဂလားပင်လယ်အော်မှာ အားကောင်းခဲ့တဲ့ မုန်တိုင်းငယ်က အားလျော့ကျသွားကာ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ လေဖိ အားနည်းရပ်ဝန်းအဖြစ် ဆက်လက်တည်ရှိနေလို့ သူ့ရဲ့အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ နေရာကျဲကျဲ၊ မကွေးတိုင်း၊ မန္တလေး တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးရွာနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောဆိုထားပါတယ်။

Source : The Voice

Photos : DMH, U Tun Lwin Facebook

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD