AD
AD
AD
play

 

ဒေါ်အောင်ဆန်းစုကြည်ရဲ့စိတ်ကူးကို အကောင်အထည်ဖော်ရေးဆွဲထားတဲ့ ၁၂ လ ရာသီလိုက်ကာ ပန်းချီကားကို ဒီဇင်ဘာလကုန်မှာ ဒေါ်အောင်ဆန်းစုကြည်ထံ အပ်နှံမယ်လို့ ပန်းချီကားရေးဆွဲသူ ပန်းချီဆရာ ဇော်ဇော်အောင်က ပြောပါတယ်။

ဒီပန်းချီကားကိုရေးဆွဲဖို့ ဒေါ်အောင်ဆန်းစုကြည်က သူနဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတဲ့ ကိုသက်စိုးကတစ်ဆင့် ပန်းချီဆရာ ဇော်ဇော်အောင်ကို၂၀၁၆ ဩဂုတ်က အကြောင်းကြားခဲ့ပြီး ပန်းချီကားကို တစ်နှစ်ကျော်ကြာအချိန်ယူရေးဆွဲခဲ့ကာ ဒီနှစ် နိုဝင်ဘာလကုန်မှာ ရေးဆွဲပြီးစီးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါပန်းချီကားကို ဒီဇင်ဘာ၁၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့ပြီး ‘‘အမေစု ဒီလိုက်ကာ ပန်းချီကားကို ဒီနေ့တွေ့တဲ့အချိန်မှာ သူအရမ်းကို ဝမ်းသာအံ့ဩပြီး အရမ်းကြိုက်တယ်လို့ ဟန်မဆောင်ဘဲ ပြောပါတယ်’’လို့ ကိုသက်စိုးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။

play

 

‘‘သူပြောတဲ့ပုံစံကတော့ ခန်းဆီးလိုက်ကာလိုချင်တယ်။ အမြင့် ၆ ပေခွဲလောက်ရှိချင်တယ်။ ဒီအပေါ်မှာ သူဘာပါချင်လဲဆိုတော့ ကိုယ့်ရဲ့ မြန်မာ့ရိုးရာ ၁၂ လရာသီ ကို ကိုယ်စားပြုတဲ့ ပန်းတွေ၊ ပွဲတော်တွေ၊  ဂြိုဟ်ခွင်တွေပေါ့။ နက္ခတ်တွေ၊ အဲဒါတွေလိုချင်တယ်ဆိုပြီးတော့ ကျွန်တော်သိတာ။ အဲဒီအပေါ်မှာမှ ကျွန်တော်က ကိုယ့်စိတ်ကူးနဲ့ကိုယ် အကုန်နေရာချလိုက်တာပေါ့လေ။ သူကတော့ ဘယ်နေရာအပေါ်ထား ပါ၊ ဘယ်နေရာ အလယ်ထားပါ။ ဘယ်ဆိုဒ်ကြီး ရေးပေးပါလို့တော့ မရှိဘူး’’လို့ ပန်းချီဆရာ ဇော်ဇော်အောင်က ပြောပြပါတယ်။

အမြင့် ၆ ပေခွဲ၊ အလျား ၂၃ ပေရှိ လိုက်ကာပန်းချီကားကို ကင်းဗတ်ပေါ်မှာ ဆီဆေးနဲ့ ရေးဆွဲထားတာ ဖြစ်ပါတယ်။

Source : 7DayDaily

Photos : Thet Soe Facebook

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD