play

 

မြန်မာနိုင်ငံရဲ့ရေလိုအပ်ချက်က လာမယ့် နှစ် ၃၀ အတွင်း ၈၀ ရာခိုင်နှုန်းရှိလာမယ်လို့ အမျိုးသားအဆင့်ရေအရင်းအမြစ် ကော်မတီဥက္ကဋ္ဌ ဒုတိ ယသမ္မတ ဦးဟင်နရီဗန်ထီးယူက ရန်ကုန်မြို့တွင် ကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက် အရှေ့ပစိဖိတ် ရေညီလာခံမှာ ပြောကြားလိုက်ပါတယ်။

ရေပြဿနာနဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတို့မှာ ရေလိုအပ်ချက်က ၈၀ ရာခိုင်နှုန်းခန့် ပိုလိုအပ်နိုင်ကာ မြန်မာနိုင်ငံမှာ ၂၀၃၀ မှာ ၆၅ ရာခိုင်နှုန်း၊ ၂၀၅၀ မှာ ၈၀ ရာခိုင်နှုန်း လိုအပ်မယ်လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဒီဇင်ဘာ ၁၁ ရက်မှာ ပြုလုပ်တဲ့ အဆိုပါညီလာခံမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ၂၀၃၀ မှာ တစ်ကမ္ဘာလုံးရဲ့ ရေလိုအပ်ချက်က ဖြည့်ဆည်းနိုင်တာထက် ၄၀ ရာခိုင်နှုန်းခန့် လိုအပ်လာမယ်လို့ ခန့်မှန်းထားပြီး ၂၀၅၀ တွင်မှာတော့ ၅၅ ရာခိုင်နှုန်းခန့် လိုအပ်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အပျက်အစီးဖြစ်စေတဲ့ ငလျင်၊ ရေနဲ့ဆက်နွှယ်တဲ့ ကပ်ဘေးတွေဖြစ်တဲ့ ဆိုင်ကလုန်းမုန်တိုင်းတွေ၊ အချိန်အခါအလိုက် ရေကြီး၊ မိုးခေါင်ရေရှားတာတွေကို မကြာခဏခံစားနေရပြီး ရေအရည်အသွေးထိန်းချုပ်နဲ့ ရေဆိုးစီမံခန့်ခွဲမှုစတဲ့ ပြဿနာတွေလည်း ကြုံတွေ့နေရတယ်လို့ ဦးဟင်နရီဗန်ထီးယူက ပြောခဲ့ပါတယ်။

play

 

အာရှ- ပစိဖိတ် ရေညီလာခံမှာ ရေအခက်အခဲ ပြဿနာတွေကို ဆွေးနွေးပြီး‘ရန်ကုန်ကြေညာချက်’ (Yangon Declaration) အဖြစ် ထုတ်ပြန် ကာ ဘရာဇီးနိုင်ငံမှာ ပြုလုပ်မယ့် ကမ္ဘာ့ရေနေ့ အခမ်းအနားမှာ အာရှ-ပစိဖိတ်ဒေသကြီးကို ကိုယ်စားပြုတဲ့ ဆုံးဖြတ်ချက်အဖြစ် တင်သွင်းမယ်လို့ အမျိုးသား အဆင့်ရေအရင်းအမြစ် ကော်မတီ  တွဲဖက်အတွင်းရေးမှူး ဒေါက်တာခင်မောင်လွင်က ပြောပါတယ်။

အဆိုပါ ကြေညာချက်ကို ၂၀၁၈ မတ်လ ၂၁ ရက်မှာ ဘရာဇီးနိုင်ငံမှာ ပြုလုပ်မယ့် ကမ္ဘာ့ရေ နေ့ အခမ်းအနားမှာ အာရှ- ပစိဖိတ်ဒေသကို ကိုယ်စားပြုတဲ့ ဆုံးဖြတ်ချက်အဖြစ် တင်သွင်းမှာ ဖြစ်ပါတယ်။

ပထမအကြိမ်အာရှ-ပစိဖိတ် ရေညီလာခံကို ၂၀၀၇ မှာ ဂျပန်နိုင်ငံနဲ့ ဒုတိယအကြိမ်ညီ လာခံကို ၂၀၁၃ မှာ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့ပြီး တတိယအကြိမ် ရေညီလာခံကို မြန်မာနိုင်ငံမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Source : 7DayDaily

Photos : President Office Myanmar,7Day

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video