play

 

ဂျပန်ဦး နှောက်ရောင် ကာကွယ်ဆေးထိုးနှံခဲ့တဲ့ (၈)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တာက ကာကွယ်ဆေးကြောင့် မဟုတ်ဘဲ ဦးနှောက်ရောင်ရောဂါနဲ့ သေဆုံးခဲ့တာဖြစ်တယ်လို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

လူမှုကွန်ရက်မှာ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြနေတဲ့ ဂျပန်ဦး နှောက်ရောင် ကာကွယ်ဆေးကို ကျောင်းအခြေပြု ထိုးနှံခဲ့တဲ့ (၈)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းမှ စီမံ ချက်မန်နေဂျာ ဒေါက်တာထားထားလင်းက အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

‘‘ဒီကာကွယ်ဆေးနဲ့ မသက် ဆိုင်ဘူး။ ဦးနှောက်ရောင်ရောဂါ နဲ့ ဆုံးပါးသွားတယ်။ ကာကွယ် ဆေးက ဒီလိုမျိုး အန္တရာယ်များ တဲ့ ဆေးမဟုတ်ပါဘူးနော်။ အန္တရာယ်များတဲ့ဆေးကိုလည်း ကျွန်မတို့က သုံးစွဲလို့ မရပါဘူး။ မသုံးစွဲပါဘူး။ ပုံမှန်အားဖြင့်တော့ ဆေးထိုးပြီး သေချာပေါက်နာရီ ဝက်အတွင်းမှာ ပြင်းထန်လက္ခ ဏာမရှိဘူးဆိုရင် ဆေးကြောင့် မဖြစ်နိုင်ပါဘူး။ အချိန်ကလည်း သိပ်ကွာပါတယ်။ နောက်ပြီးက တိုက်ဆိုင်မှုလည်း မရှိဘူးဆိုတာ သိထားပါတယ်"လို့ ဒေါက်တာထားထာလင်းက ပြောပါတယ်။

play

 

ကာကွယ်ဆေးထိုးနှံတာတွေကို ကျောင်းအခြေပြုအဖြစ် နိုဝင်ဘာလ ၁၅ ရက်ကနေ ၂၃ ရက်နေ့အထိ ကျောင်းသားကျောင်းသူပေါင်း ၈ ဒသမ ၂ သန်းကို ထိုးနှံပေးခဲ့ပြီးလို့ သိရပါတယ်။ မြန်မာနိုင်ငံက ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားမှုအများဆုံး နိုင်ငံ ၂၄ နိုင်ငံထဲမှာ တစ်ခုအပါအ၀င် ဖြစ်ပြီး ရောဂါဖြစ်ပွားရင်ပျောက်ကင်းအောင်ကုသနိုင်တဲ့ ဆေးမရှိသေးဘူးလို့ သိရပါတယ်။

ဂျပန်ဦး နှောက်ရောင် ကာကွယ်ဆေးကို ဒီဇင်ဘာ ၁၁ ရက်က လူထု အခြေပြုအဖြစ် စတင်ထိုးနှံခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကလေးဦးရေ ရှစ်သိန်းလေး ထောင်ကျော် ထိုးနှံခဲ့ပြီး ကာကွယ်ဆေးထိုးနှံမှုရလဒ် အခြေအနေက ၁၇ ဒသမ ၆ ရာခိုင် နှုန်း ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနစာရင်းတွေအရ သိရပါတယ်။

Source : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video