AD
AD
AD
play

 

လူမှုကွန်ယက်စာမျက်နှာမှာ follower ပရိတ်သတ် ၈ သိန်းကျော်ရှိနေတဲ့ ပန်ဆယ်လို အကောင့်ပိုင်ရှင်ကို ဆက်သွယ်ရေးပုဒ်မနဲ့ အမှုဖွင့်ထား သူက လာမယ့် ဒီဇင်ဘာ ၁၆ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမယ်လို့ ဓူဝံမီဒီယာကို ဒီနေ့ (ဒီဇင်ဘာ ၁၃ ) မနက်ပိုင်းက ပြောခဲ့ပါတယ်။

လှိုင်သာယာမြို့နယ်မှာ နေထိုင်တဲ့ ဦးမောင်မောင်တာက ပန်ဆယ်လိုအကောင့်ပိုင်ရှင်ကို တရားစွဲဆိုခဲ့တာဖြစ် ပြီးတော့ နိုဝင်ဘာ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လမင်းသာ စားသောက်ဆိုင်ကိုမှာ အရိုက်နှက်ခံခဲ့ရတဲ့ ရဟန်းတစ်ပါးရဲ့ အကြောင်းကို လူမှုကွန်ယက်မှာ တင်တာ နဲ့ပတ်သတ်ပြီးတော့ အမှုဖွင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

play

 

"သံဃာတစ်ပါးကိုစော်ကားခြင်းက ဗုဒ္ဒဘာသာတစ်ရပ်လုံးကိုစော်ကားခြင်း လို့မြင်တယ်။ ရဲကိုတိုင်ကြားတာကပုဒ်မ ၆၆ (ဃ) အွန်လိုင်းမီဒီယာကို အသုံးပြုပြီးတော့ စော်ကားတယ်ပေါ့။ဒါက ၆၆(ဃ) ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေပေါ့။ အဲ့ဒီအတိုင်းသွားမှာပါ။ အဲ့ဒါနဲ့ပါတ်သတ်ပြီးတော့ ၁၆ ရက်နေ့မှာတော့သတင်းစာရှင်းလင်းပါမယ်" တရားစွဲဆိုသူ ကိုမောင်မောင်တာက ပြောပါတယ်။

တိုင်ကြားရခြင်းရဲ့ အဓိကအကြောင်းရင်းက သံဃာကို စော်ကားတာကြောင့်လို့ တရားစွဲဆိုသူက ပြောထားပြီး လက်ရှိမှာတော့ ပန်ဆယ်လိုရဲ့ လိပ်စာကို မသိသေးလို့ အမှုဖွင့်ထားပေမယ့် မစစ်ဆေးရသေးဘူးလို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD