play

 

မြန်မာနိုင်ငံမှာရှိတဲ့ စုစုပေါင်း လူဦးရေရဲ့ သုံးပုံတစ်ပုံလောက်က ဆင်းရဲနွမ်းပါးတဲ့ အခြေအနေမှာရှိနေပြီး ကျေးလက်မှာ ၁၃ သန်းကျော်နဲ့ မြို့ပြမှာ ၂ သန်းရှိတယ်လို့ အစိုးရနဲ့ ကမ္ဘာ့ဘဏ်တို့က ပူးတွဲ ထုတ်ပြန်လိုက်ပါတယ်။

အခုအစီရင်ခံစာကို စီမံကိန်း၊ဘဏ္ဍာရေး ဝန်ကြီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၁၂ ရက်မနက်ပိုင်းက မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှု အခြေအနေ လေ့လာစိစစ်ချက် အစီရင်ခံစာ ဒုတိယတွဲကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အဆိုပါအစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ ၂၀ဝ၄ ခုနစ်ကနေ ၂၀၁၅ ခုနှစ်အထိ ၁၀ နှစ်တာကာလအတွင်း ဆင်းရဲနွမ်းပါးမှုနှုန်းမှာ စုစုပေါင်း လူဦးရေရဲ့ သုံးပုံတစ်ပုံခန့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

play

 

“ဆင်းရဲနွမ်းပါးတဲ့ အခြေအနေကို သိလာရတာ ကောင်းပါတယ်။ နိုင်ငံတော်က ပြည်သူတွေအတွက် ဘဝတိုးတက်ရေးအတွက် အစီအစဉ်တွေ ဆွဲတဲ့အခါ အထောက်အကူဖြစ်တ ယ်။ ဒီအစီရင်ခံစာက အစိုးရနဲ့ ကမ္ဘာ့ဘဏ်နဲ့ပေါင်းပြီး လုပ်တာပါ”လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်တင်ရဲ့ ပြောကြားချက်ကို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 မြန်မာနိုင်ငံ၏လူဦးရေ စုစုပေါင်း ၁၅ ဒသမ ၈ သန်းမှာ ဆင်းရဲနွမ်းပါးတဲ့ အခြေအနေမှာ နေထိုင်နေပြီး ၁၃ ဒသမ ၈ သန်းက ကျေးလက်တွင်နေထိုင်ကာ ကျန်ရှိတဲ့ ၂ သန်းကတော့ မြို့ပြတွေမှာ နေထိုင်နေတယ်လို့ အစီရင်ခံစာအရ သိရပါတယ်။

၂၀ဝ၄ ခုနှစ်က ဆင်းရဲနွမ်းပါးမှုနှုန်းက  ၄၈ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး ၂၀၁၅ ခုနှစ်မှာ ၃၁ ဒသမ ၁ ရာခိုင်နှုန်းရှိနေလို့ အဆိုပါရာခိုင်နှုန်းတွေကို ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ၁၀ နှစ်က ဆင်းရဲနွမ်းပါးမှုမှာ လူဦးရေ စုစုပေါင်းရဲ့ တစ်ဝက်ခန့်ရှိပြီး ၂၀၁၅ ခုနှစ်မှာ သုံးပုံတစ်ပုံသာရှိတော့လို့ ဆင်းရဲနွမ်းပါးမှုက အနည်းငယ်လျော့ကျခဲ့တယ်လို့  အစီရင်ခံစာအရ သိရပါတယ်။

Source : The Voice

Photos : World Bank

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video