AD
AD
AD
play

 

မြန်မာပြည်အခြေစိုက် ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုသက်ဦးမောင်(၀လုံး) နဲ့ ကိုကျော်စိုးဦး (မိုးအောင်)တို့ကို မောင်တောမြို့နယ် လုံခြုံရေးတပ်ဖွဲ့ရဲ့ အစီရင်ခံစာမိတ္တူ တချို့ကို တွေ့ရှိခဲ့တာကြောင့် ထောက်ကြန့်ရဲစခန်းမှာ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ဘီဘီစီသတင်းဌာန က ဖော်ပြထားပါတယ်။

play

 

ရိုက်တာသတင်းဌာနမှာ အလုပ်လုပ်ကိုင်နေသူတစ်ဦးကို ဓူဝံက မေးမြန်း ရာမှာတော့ ၄င်းကိုယ်တိုင်ပင် သေချာမသိရှိရသေးကြောင်းနဲ့ သတင်းတွေ မှ ဖော်ပြထားချက်အရသာ သိရှိရသေးပြီးရိုက်တာ ရုံးကိုတော့ရဲတွေက လာ ရောက်ရှာဖွေမှုတွေ လုပ်သွားတယ်လို့ ပြောပြထားပါတယ်။ လက်ရှိမှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်နှစ်ဦးကို ဘယ်နေရာမှာ ဖမ်းဆး ထားတယ်ဆိုတာကို မသိရသေးဘူးဆိုပါတယ်။

Photos : Wa Lone(twitter)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD