play

 

ဆရာ၊ ဆရာမတွေအနေနဲ့ စာသင်ခန်းထဲမှာ စာသင်ချိန်အတွင်း ဖေ့စ်ဘွတ်ခ် အသုံးပြုတာတွေနဲ့၊ ဖုန်းသုံးစွဲတာတွေကို မပြုလုပ်ဘဲ သင်ကြားရေးကို အလေးထားဖို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အခြေခံပညာရေးဖိုရမ်မှာ သတိပေး ပြောကြားလိုက်ပါတယ်။

စာသင်နေချိန်မှာ ဖေ့စ်ဘွတ်ခ်သုံးစွဲတာနဲ့ ပြင်ပစာအုပ်တွေ ဖတ်တာတွေ လုပ်နေရင် ကျောင်းသား၊ ကျောင်းသူတွေ စာတတ်မြောက်မှာ မဟုတ်ဘူးလို့  ဒီဇင်ဘာလ ၁၀ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ အခြေခံပညာနှီးနှောဖလှယ်ပွဲမှာ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

play

 

“ဆရာ၊ ဆရာမက စာသင်ချိန်မှာ၊ စာဖတ်နေတယ်။ ဖုန်းပွတ်နေတယ်။ ကလေးတွေက ရှေ့မှာလုပ်ချင်ရာ လုပ်နေတယ်၊ ရန်ဖြစ်တဲ့သူက ဖြစ်နေတယ်။ ဆော့တဲ့သူက ဆော့နေတယ်။ စကားပြောတဲ့သူက ပြော၊ အိပ်တဲ့သူက အိပ်နေတယ်”လို့ ပညာရေးကို ထောက်ပြတဲ့ နိုင်ငံတကာ ကာတွန်း သရုပ်ဖော်ပုံတွေကိုပြသပြီး ဆရာ၊ ဆရာမတွေကို ဝန်ကြီးက သတိပေးပြောကြားခဲ့ပါတယ်။

ဆရာ၊ ဆရာမတွေ တာဝန်က ကျောင်းသား၊ ကျောင်းသူတွေ ကျောင်း မှန်မှန်တက်စေဖို့နဲ့ ဆရာတွေသိသင့် သိထိုက်တဲ့ ပညာရပ်တွေကို လေ့လာသင်ယူပြီး ကျောင်းသင်ခန်းစာသာမက ကျောင်းချိန်ပြင်ပမှာပါ ပြင်ပစာအုပ်တွေကို ဖတ်ရှုလေ့လာရမယ်လို့ ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ အခြေခံပညာကျောင်းပေါင်း ၄၆,ဝ၀ဝ ကျော်နဲ့ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသား၊ ကျောင်းသူ ကိုးသန်းကျော် ရှိပြီး အခြေခံပညာအဆင့်မှာ ဆရာ၊ ဆရာမဦးရေ လေးသိန်းနီးပါးရှိတယ်လို့ အခြေခံပညာ ဦးစီးဌာနကနေ သိရပါတယ်။

Source : The Voice

Photos : Maze

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video