AD
AD
AD
play

 

ပြည်သူတွေကို ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်တဲ့အချိန်မှ မီတာခနှုန်းထားတွေကို အလွှာလိုက်ပြင်ဆင် သတ်မှတ်မယ်လို့ လျှပ် စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ဒီဇင်ဘာ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။

‘‘ဝန်ဆောင်မှုကောင်းသည်ထက် ကောင်းအောင် ကျွန်တော် တို့ကြိုးစားပြီး လုပ်နေတယ်။ လုပ်ပြီးတဲ့အချိန်ကျရင် ဓာတ်အားခကို ပြင်ဆင်မယ်။ တိုးမှာ မဟုတ်ဘူး။ ပြင်ဆင်မှာ။ ပြင်ဆင်တာကိုလည်း အလွှာလိုက်ပြင်ဆင်မယ်’’လို့ ဦးဌေးအောင်က ပြောပါတယ်။

play

 

မီတာခပြောင်းလဲသတ်မှတ်မယ့် အချိန်ကာလကတော့ ၂၀၁၇ ဒီဇင်ဘာလကုန်ထိ မဖြစ်နိုင်သေးဘဲ ပြင်ဆင်ကောက်ခံမယ့် အချိန်ကို ဦးဌေးအောင်က ပြောကြားတာမရှိခဲဘဲ လက်ရှိအချိန်မှာတော့ လျှပ်စစ်ကြိုးတွေ ပြင်ဆင်တာတွေ အပါအဝင် အခြားကဏ္ဍတွေမှာ ဝန်ဆောင်မှု ကောင်းကောင်းမွန်မွန် ပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ အိမ်သုံးလျှပ်စစ်မီတာအတွက် ယူနစ် ၁၀၀ အောက်ကို တစ်ယူနစ် ၃၅ ကျပ်၊ ယူနစ် ၁၀၀ နဲ့ ၂၀၀ ကြား ၄၀ ကျပ်နဲ့ ၂၀၀ ယူနစ်အထက် ၅၀ ကျပ်ကောက်ခံပြီး စက်မှုလုပ်ငန်းသုံး မီတာတွေအတွက် ယူနစ် ၅၀၀ အထိ တစ်ယူနစ် ၇၅ ကျပ်၊ ၅၀၁ ယူနစ်ကနေ တစ်သောင်း ယူနစ်အထိ ၁၀၀ ကျပ်၊ တစ်သောင်းယူနစ်ကနေ ယူနစ်ငါး သောင်းအထိ ၁၂၅ ကျပ်၊ ယူနစ် ငါးသောင်းကနေ နှစ်သိန်းအထိ ကျပ် ၁၅၀ နဲ့ ကောက်ခံနေတာ ဖြစ်ပါတယ်။

Source : 7DayDaily

Photos : MBT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD