play

 

ကမ္ဘာ့ကော်ဖီပညာရှင်တွေရဲ့ ဆုံးဖြတ်ချက်အရ အာရှမှာ မြန်မာကော်ဖီရဲ့အရည်အသွေးက ဒုတိယအဆင့်ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ကော်ဖီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းအောင်ကျော်က ပြောပါတယ်။

အမေရိကန်နိုင်ငံက ကော်ဖီပညာရှင်တွေ အပါအဝင် ၄၈ နိုင်ငံမှ ကော်ဖီအရသာမြည်းတဲ့ ပညာရှင်တွေက ပါဝင်အမှတ်ပေးဆုံးဖြတ်ခဲ့ပြီး အင်ဒိုနီးရှားကော်ဖီက ၈၇ မှတ်နဲ့ ပထမ၊ မြန်မာကော်ဖီက ၈၆ ဒသမ ၆၉ မှတ်နဲ့ ဒုတိယ၊ တရုတ်ကော်ဖီက ၈၄ ဒသမ ၂၄ မှတ်နဲ့ တတိယရရှိ ခဲ့တာ ဖြစ်ပါတယ်။

အာရှကော်ဖီအသင်း (Asia Coffee Association) ဖွဲ့စည်းဖို့ အခမ်းအနားကို တရုတ်နိုင်ငံ မန်စီမြို့မှာ နိုဝင်ဘာ ၂၆ ကန  ၂၇ ရက် အထိ ကျင်းပခဲ့ပြီး အာရှဒေသတွင်း ကော်ဖီစိုက်တဲ့ ၄၈ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

play

 

 ‘‘နိုင်ငံတိုင်းက  ထွက်တဲ့ Arabica (တောင်ပေါ်ကော်ဖီ) တွေကို ပြိုင်တာပေါ့။ အဲဒီမှာ ဖိတ်တော့ ကိုယ့်နိုင်ငံက နမူနာ ကော်ဖီလေးတွေ ယူလာခဲ့ဖို့ပါ ပြောတယ်။ နိုင်ငံတွေက ပါလာတဲ့နမူနာတွေကို လှော်ပြီးတော့အရသာမြည်းပြီး ချက်ချင်းအမှတ်ပေးတဲ့ စနစ်ကို လုပ်ပြီးပေးခဲ့တယ်’’လို့ ဦးဝင်းအောင်ကျော်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကော်ဖီစိုက်ဧက ရှစ်သိန်းခန့်စိုက်ပျိုးနေပြီး မြေနိမ့်ကော်ဖီ (Rochester) နဲ့ တောင်ပေါ်ကော်ဖီ (Arabica) နှစ်မျိုးရှိတယ်လို့ မြန်မာနိုင်ငံ ကော်ဖီလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြေနိမ့်ကော်ဖီ (Rochester) အမျိုးအစားကို ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂,၅၀၀ နဲ့ ၃,၀၀၀ အောက်မှာ စိုက်ပျိုးနိုင်ပြီး မြန်မာနိုင်ငံမှာ ပဲခူးတိုင်း တောင်ငူမြို့နယ်က သံတောင်ကြီးမှာ အများဆုံး စိုက်ပျိုးနေတယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : Comunicaffe

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video