AD
AD
AD
play

 

အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းက စည်းကမ်းမဲ့ လူခေါ်ပွဲစားတွေကို ဒီဇင်ဘာလကုန်မှာ ရှင်းလင်းဖို့ စီစဉ်နေတယ်လို့ မြောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။

“ညဥ့်နက်ပိုင်းတွေမှာ လူခေါ်ပွဲစားလိုလိုနဲ့ လုယက်တာတွေ များလာတယ်။ အငှားယာဉ်သမားတွေကလည်း ကိုယ်တိုင် လူဆင်းမခေါ်တော့ဘဲ လူခေါ်ပွဲစားနဲ့ ခရီးသည် ရှာတယ်။ အဓိကတော့ မှုခင်း ကြိုတားဆီးရေးအတွက်လည်း ပါသလို ခရီးသည် စိတ်အနှောင့်အယှက် မဖြစ်ဖို့ စီစဉ်တာပါ”လို့ မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လူခေါ်ပွဲစားတွေကို နေ့စဉ် မနက် ၇ နာရီကနေ ညနေ ၃ နာရီအထိ သုံးကြိမ်ခွဲကာ စစ်ဆေးစောင့်ကြည့် ရှင်းလင်းဖို့ စီစဉ်ထားပြီး ညပိုင်းကို နယ်မြေခံရဲတပ်ဖွဲ့နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လုံခြုံရေးနဲ့ စည်းကမ်း ထိန်းသိမ်းရေးရဲတပ်ဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။

play
ဆိုက်ရောက်ခါစ အဝေးပြေးဘတ်စ်ကားတစီးနားတွင် တွေ့ရသည့် လူခေါ်ပွဲစားများ။

 

အဝေးပြေးယာဉ်လိုင်းပေါင်း ၂၅၀ ကျော်ပြေးဆွဲနေတဲ့ အောင်မင်္ဂလာ အဝေးပြေးယာဉ် ရပ်နားစခန်းကို နေ့စဉ် ဝင်/ထွက်နေတဲ့ ခရီးသည်ဦးရေ တစ်သိန်းခန့်ရှိပြီး လူခေါ်ပွဲစားအလုပ်ကို လုပ်ကိုင်နေတဲ့ အမျိုးသား/အမျိုးသမီး ၂၀ဝ ကျော်ခန့်က ခရီးသွားပြည်သူတွေ စိတ်အနှောင့်အယှက် ဖြစ်ပေါ်စေတဲ့ လုယက်ခေါ်ဆောင်မှုတွေကြောင့် အခုလို ရှင်းလင်းဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အဝေးပြေးဝင်းထဲမှာ ဒီနှစ် မတ်လ ၁၉ ရက်က ခရီးသည်တွေ လုယက်ခေါ်ဆောင်နေတဲ့ အမျိုးသား ၁၅ ဦးကို တွေ့ရှိခဲ့တာကြောင့် ခရီးသွား ပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်စေမယ့် ပြဿနာတွေ လျော့ပါးစေဖို ခေါ်ယူထိန်းသိမ်းပြီး ခံဝန်ရေးထိုးကာ သတိပေးခဲ့ဖူးတယ်လို့ မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကနေ သိရပါတယ်။

Source : 7DayDaily

Photos : Wai Linn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD