play

 

အနည်းဆုံး အခကြေးငွေ ကျပ် ၅,၆၀၀ အထက်သတ်မှတ်ပေးဖို့ အလုပ်သမားတွေက ဆန္ဒပြတောင်းဆိုနေတာတွေကို အသိအမှတ်ပြုပြီး အလုပ်သမားတွေရဲ့ အသံကိုနားထောင်ကာ အနိမ့်ဆုံးလုပ်ခလစာကို သတ်မှတ်ပေးသွားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောလိုက်ပါတယ်။

‘‘ဆန္ဒပြအလုပ်သမားတွေ  သူတို့ဆန္ဒထုတ်ဖော်တာကိုလည်း အသိအမှတ်ပြုပါတယ်။ သူတို့အသံကိုလည်း နားထောင်ပါတယ်။ ဆွေးနွေးပြီးတော့ အားလုံးအကျေ အလည်ဖြစ်အာင် ဆောင်ရွက်ပေးပါမယ်’’လို့ ဝန်ကြီးဦးသိန်းဆွေက ပြောပါတယ်။

အနည်းဆုံး အခကြေးငွေ ပြင်ဆင်သတ်မှတ်ဖို့ နီးကပ်လာပြီး အလုပ်သမားတွေကလည်း သူတို့တောင်းဆိုချက်နှုန်းထားအတိုင်း ပြင်ဆင်သတ်မှတ်ပေးဖို့ ဆန္ဒထုတ်ဖော်မှုတွေ မကြာခဏပြုလုပ်နေကြပါတယ်။

play
လက်ရှိအချိန်မှာတော့ အနိမ့်ဆုံးလုပ်ခလစာ တနေ့ကို ၃၆၀၀ သတ်မှတ်ထားပါတယ်။

 

အနည်းဆုံးအခကြေးငွေ နှုန်းထားကို ၅,၆၀၀ ကျပ်အထက် တိုးမြှင့်ပေးဖို့ အလုပ်သမားတွေက တောင်းဆိုထားပြီး အလုပ်ရှင်အများစုက ကျပ် ၄,၀၀၀ခန့်အထိပဲ တိုးမြှင့်ပေးနိုင်မယ်လို့ အစိုးရထံ အဆိုပြုထားပါတယ်။

အဆိုပါတောင်းဆိုမှုနဲ့ ပတ်သက်ပြီး ဒီဇင်ဘာနောက်ဆုံးပတ်မှာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းပြီး နှုန်းထားတစ်ခု ရွေးချယ်မယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

အနည်းဆုံးအခကြေးငွေကို ၂၀၁၅ စက်တင်ဘာက ပထမဆုံး အဖြစ် တစ်ရက်ကို ၃,၆၀၀ ကျပ် သတ်မှတ်ခဲ့ပြီး နှစ်နှစ်ကို တစ်ကြိမ် ပြင်ဆင်နိုင်ကြောင်း ဥပဒေမှာ ပြဋ္ဌာန်းထားတာကြောင့် ပြင်ဆင်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Source : 7DayDaily

Photos : Vtc,MBT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video