play
Yak-130 အမျိုးအစား တိုက်ပွဲဝင်လေ့ကျင့်ရေး လေယာဉ်ကို ကြည့်ရှုစစ်ဆေးနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်။

 

မိတ္ထီလာတပ်နယ် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်မှာ ဒီနေ့ (ဒီဇင်ဘာလ ၁၅ ရက်) နေ့မှာကျရောက်တဲ့ တပ်မတော်(လေ) နှစ် ၇၀ ပြည့် အခမ်းအနားမှာ တပ်မတော်(လေ)မှာ အသုံးပြုမယ့် စစ်လေယာဉ်တွေရဲ့ တပ်တော်ဝင်အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့တဲ့ အဆိုပါအခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လေတပ်ဝတ်စုံကို ဂုဏ်ပြုဝတ်ဆင်ကာ တက်ရောက်ခဲ့ပြီး အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။

play
တပ်တော်ဝင်ခဲ့သည့် လေယာဉ်များကို တွေ့ရစဉ်။

 

မျက်မှောက်ခေတ်ကာလမှာ လေကြောင်းစွမ်းအားသာလွန်မှုကို အသုံးပြုပြီး စစ်ပွဲအောင်နိုင်ရေးအတွက် ပြိုင်ဘက်အပေါ် လွှမ်းမိုး ချုပ်ကိုင်နိုင်ရေး ပိုမိုတိုးတက်စေဖို့ လေကြောင်းစစ်ဆင်ရေးကို အဓိကထား အသုံးပြုလာကြလို့ သာလွန်တဲ့ လေကြောင်းစွမ်းအား ဖြစ်လာစေဖို့ တပ်မတော်လေကို ခေတ်မီလေတပ်မတော်အဖြစ် တည်ဆောက်ရမယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ပါတယ်။

play
Yak-130 အမျိုးအစား တိုက်ပွဲဝင်လေ့ကျင့်ရေး လေယာဉ်ကိုတွေ့ရစဉ်။

 

ဒီနေ့ကျင်းပခဲ့တဲ့ တပ်မတော်စစ်လေယာဉ်တွေ တပ်တော်ဝင်အခမ်းအနားမှာ Yak -130 အမျိုးအစား Yak-130 အမျိုးအစား တိုက်ပွဲဝင်လေ့ကျင့်ရေး လေယာဉ် ခြောက်စီး၊ Fokker- 70 အမျိုးအစားလေယာဉ် နှစ်စီးနဲ့ ATR 42-320 အမျိုးအစား လေယာဉ် နှစ်စီး စုစုပေါင်း ၁၀ စီးတို့ တပ်တော်ဝင်ခဲ့တယ်လို့ သိရပါတယ်။

Source & Photos  : DSO

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video