AD
AD
AD
play

 

အိမ်အကူ မိန်းကလေးငယ်နှစ်ဦးကို နှိပ်စက်ခဲ့မှုကြောင့် တစ်နှစ်ကျော်ကြာ စစ်ဆေးခဲ့ရတဲ့ အင်းဝအပ်ချုပ်ဆိုင်အမှုမှာ ပါဝင်ပတ်သက်သူတွေကို ဒီနေ့( ဒီဇင်ဘာလ ၁၅ ) မနက်ပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အင်းဝအပ်ချုပ်ဆိုင်က ဒေါ်ခင်သူဇာနဲ့ ဒေါ်စုမွန်လတ်တို့ကို ထောင်ဒဏ် ၁၆ နှစ်နဲ့ တစ်လ၊ ရာဇာထွန်းကို ၁၃ နှစ်နဲ့ နှစ်လ၊ တင်မင်းလတ်ကို ၉ နှစ်နဲ့ တစ်လ အသီးသီးချမှတ်ခဲ့ပြီး သီရိလတ်နဲ့ ဦးကိုလတ်တို့ နှစ်ဦးကတော့ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့ပါတယ်။

အိမ်အကူ မိန်းကလေးနှစ်ဦးက အင်းဝအပ်ချုပ်ဆိုင်မှာ အလုပ်လုပ်နေတုန်း လက်ဆယ်ချောင်း လှန်ချိုးခံရတာတွေ၊ မျက်လုံးထဲကို ငရုတ်သီးမှုန့်နဲ့ အပက်ခံရတာတွေနဲ့ နှာခေါင်းကို ဓားနဲ့ခုတ်တာတွေကို အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင်တွေက ညှဉ်းပန်းနှိပ်စက်တယ်လို့ ထွက်ဆိုထားပါတယ်။

ဒီပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရတဲ့သူတွေက ကလေးသူငယ်အက်ဥပဒေ (၆၆-ဃ)၊ အပြင်းအထန်နာကျင်စေမှု၊ လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး ဥပဒေတို့နဲ့ တရားစွဲဆို အရေးယူခဲ့တာ ဖြစ်ပြီး အဆိုပါအမှုကို ၂၀၁၆ ခုနှစ် စက်တင်ဘာကစပြီး တစ်ပတ်ကို ရုံးချိန်းနှစ်ချိန်းနဲ့ တစ်နှစ်ကျော်ကြာ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

Photo : Myat Mon

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD