AD
AD
AD
play

 

ရွှေတိဂုံစေတီတော်မှာ ကျင်းပမယ့် ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနားနဲ့ သံဃာတော်အပါး ၁၈,၀၀၀ ကိုလောင်းလှူမယ့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား ကျင်းပနေတုန်းမှာ ဘုရားဖူးလာရောက်သူတွေ ဘုရားပေါ်ကို တက်ရောက်ခွင့် နာရီ ၂၀  ကြာ ပိတ်ထားမယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ကနေ သိရပါတယ်။

ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေ ၄ နာရီကနေ ဇန်နဝါရီ ၁ ရက် နေ့လယ် ၁၂ နာရီအထိ ဘုရားဖူးဧည့်သည်တွေကို ဘုရားပေါ်တက်ရောက်ခွင့် ခေတ္တပိတ်ထားမယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ဆဲဗင်းဒေးသတင်းစာကို ပြောပါတယ်။

play

 

ဒါပေမယ့် နိုင်ငံခြားဧည့်သည်တွေကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မလုပ်ခင် ဒီဇင်ဘာ ၃၀ ရက် မနက် ၇ နာရီကနေ အခမ်းအနားပြီးဆုံးမယ့် ဇန်နဝါရီ ၁ ရက် မွန်းတည့် ၁၂ နာရီအထိ နှစ်ရက်ကျော်ကြာ ဘုရားပေါ်တက်ရောက်ခွင့်ပိတ်ထားမယ်လို့ ဟိုတယ်နဲ့  ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ခရီးသွားလုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္ပဏီတွေ ကြိုတင်သိရှိနိုင်စေဖို့ ဟိုတယ်နဲ့  ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနက ဒီဇင်ဘာ ၁၄ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းနဲ့ ညီနောင်အသင်း ၁၁ ခု ကိုလည်း အကြောင်းကြားစာတွေ ပေးပို့ထားတယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : WL,Thura

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD