AD
AD
AD
play

 

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးကို လေးရက်ခန့် ကြာတဲ့အထိ မိသားစုနဲ့ တွေ့ဆုံခွင့် မရသေးကြောင်း ဖမ်းဆီးခံထားရသူ ကိုကျော်စိုးဦး (ခ) မိုးအောင်ရဲ့ ညီမဖြစ်သူ မဝါလေးက ပြောပါတယ်။

“စပြီး ဖမ်းခံရတာ ကြားကတည်းက ထောက်ကြန့်ရဲစခန်းလိုက်တော့ သူတို့ကိုမေးတော့ အင်းစိန်မှာလား မသိဘူးလို့ ပြောတယ်။ အင်းစိန်ထောင်ကိုသွားတော့ ခရိုင်မှာထားထား တာလား မသိဘူးပြောတယ်။ ဘယ်မှာ ထိန်းသိမ်းထားမှန်း ခုထိ မသိဘူး။ ကျွန်မတို့နဲ့ အဆက်အသွယ် မရသေးဘူး။ ကျွန်မအစ်ကိုကို အရမ်း တွေ့ချင်တယ်”လို့ မဝါလေးက ပြောပါတယ်။

play

 

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ သတင်းတွေရေးသားဖို ကြိုးစားခဲ့တဲ့ ရိုက်တာသတင်းဌာနမှ မြန်မာ သတင်းထောက် အသက် ၃၁ နှစ်ရှိ ကိုသက်ဦးမောင် (ခ) ဝလုံးနဲ့ အသက် ၂၇ နှစ်ရှိ ကိုကျော်စိုးဦး (ခ) မိုးအောင်ကို စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းတွေ လက်ဝယ်တွေ့ရှိမှုနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ လ ၁၂ ရက်က ထောက်ကြန့် ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံ ဆက်သွယ်မေးမြန်းရာ “ရိုက်တာ သတင်းထောက် နှစ်ယောက်ကို အမှုဖွင့်ထားတယ်။ စစ်ဆေးနေတာတော့ မှန်တယ်။ အခု သူတို့ ဘယ်နေရာမှာ ရှိတယ်ဆိုတာတော့ ကျွန်တော် မသိဘူး။ တစ်ပတ် Workshop လုပ်နေလို့၊ စစ်ဆေးရေးအဖွဲ့က စစ်ဆေးနေတုန်း။ ပြီးမှ သူတို့ဘယ်မှာဆိုတာ သိရမယ်။ အဲဒါပြီး မှ မိသားစုနဲ့ တွေ့ရမလားဆိုတာ၊ ကျွန်တော်စစ်နေတာ မဟုတ်တော့မသိဘူး”လို့ ရန်ကုန်တိုင်းဒေသကြီး ရဲမှူးကြီးမြင့်ထွေးက ပြောပါတယ်။

Source : The Voice

Photos : Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD