ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ အပေါင်းပါနှစ်ဦးတို့ကို စတင်ဖမ်းဆီးရမိခဲ့တဲ့ လက်နက်နဲ့ကျည်ဆန်တွေအတွက် လက်နက်ဥပဒေပုဒ်မနဲ့ အေလာနယ် မြေရဲစခန်းမှာ ထပ်မံအမှုဖွင့်ခဲ့တယ်လို့ ဒီဇင်ဘာ ၁၅ ရက်မှာ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
‘‘မူးစိတ်ပုဒ်မ ၂၂(ခ) က မူး ယစ်ဆေးဝါးအမှုတွေကို ကျူးလွန် တဲ့အခါမှာ လက်နက်တွေပါလာ ရင် ဖွင့်တဲ့ ပုဒ်မလေ။ အဲဒါက မူး ယစ်အမှုနဲ့သာ ဖွင့်တာကိုး။ သူ့ကို လက်နက်အမှုနဲ့ ဖွင့်တာမဟုတ် ဘူးလေ။ လက်နက်အမှုနဲ့ သီးခြား ပြန်ဖွင့်ပါလို့ အကြံပြုလို့ ဖွင့်တာ’’လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအရာ ရှိတစ်ဦးက ပြောပါတယ်။
အောက်တိုဘာ ၅ ရက်က နေပြည်တော်လေဆိပ်မှာ ဖမ်းဆီးရမိတဲ့ ဖြိုးကိုကိုတင့်ဆန်းနဲ့ အပေါင်းအပါနှစ်ဦးဆီကနေ ၉ မမ ပစ္စတိုနှစ်လက်၊ အဆိုပါကျည် ၇၂ တောင့်နဲ့ WY စာတန်းပါစိတ်ကြွ ဆေးပြား ၁၂ ပြား၊ ICE ၁ ဒသမ ၅ ဂရမ်ကို တွေ့ရှိခဲ့တာကြောင့် အေလာ ရဲစခန်းမှာ မူး၊ စိတ်ပုဒ်မတို့နဲ့ အမှုဖွင့်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဖြိုးကိုကိုတင့်ဆန်းအမှုနဲ့ ပတ်သက်ပြီး ကွင်းဆက်တရားခံ ၁၅ ဦးနဲ့ လက်နက် ၂၄ လက် ဖမ်းဆီးရမိထားပြီး အမှု ၁၇ မှု ဖွင့်ထားကြောင်း ပြည်ထဲရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက အောက်တိုဘာ ၂၆ ရက်မှာ ပြောကြားထားပါတယ်။
Source : 7DayDaily
Photos : MOH