play

 

၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်က မန္တလေးအမြန်လမ်းမှာ ဖြစ်ပွားခဲ့တဲ့ ဟိုက်အေ့စ်ယာဉ် မီးလောင်မှုကြောင့် တရားစွဲဆိုခံထားရတဲ့ အောင်ခန့် ဇွဲမြန်မာ (ခ) အောင်ခန့်ကို ဒီဇင်ဘာ ၂၉ ရက်မှာ စွဲချက်တင် အမိန့်ချမှတ်သွားမယ်လို့ လှည်းကူး မြို့နယ် တရားသူကြီးက ပြောပါတယ်။

အဆိုပါအမှုကို ရုံးချိန်း ၃၃ ချိန်း စစ်ဆေးပြီးနောက် ဒီဇင်ဘာ ၁၅ ရက်မှာ နှစ်ဖက် ရှေ့နေတွေက လျှောက်လဲချက်တွေကြားနာခဲ့ပြီး စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။

‘‘တရားလိုရှေ့နေကတော့ ရာဇသတ်ကြီးပုဒ်မသုံးခုနဲ့ စွဲချက်  တင်တယ်။ တရားခံဘက်က ရှေ့ နေကတော့ လက်ရှိစွဲထားတဲ့ပုဒ်မ ကနေ တရားရှင်လွှတ်ပေးဖို့ လျှောက်တယ်။ ၂၉ ရက်ကျရင် တော့ ဘယ်ပုဒ်မနဲ့ စွဲမယ်ဆိုတာ ကို အမိန့်ချမှတ်မှာ’’လို့ လှည်းကူး မြို့နယ် တရားသူကြီးက ပြောပါတယ်။

play

 

ပုဂံကနေဘုရားဖူးပြီး အမြန်လမ်းအတိုင်း နေပြည်တော်ကနေ ရန်ကုန်မြို့ကို မောင်းနှင်လာတဲ့ ဟိုက်အေ့စ် ကိုယ်ပိုင်ယာဉ်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက် မနက် ၈ နာရီလောက်က အမြန်လမ်း ၄ မိုင် ၂ ဖာလုံမှာ လမ်းလယ်က အလူမီနီယံပေါင်ကို တိုက်မိတာကနေ မီးလောင် ကျွမ်းပြီး အမျိုးသမီးခုနစ်ဦးနဲ့ အမျိုးသားတစ်ဦး စုစုပေါင်းရှစ်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါအမှုနဲ့ ပတ်သက်ပြီး ယာဉ်မောင်း အောင်ခန့်ဇွဲမြန်မာ(ခ) အောင်ခန့်ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က အရ ဖေဖော်ဝါရီ ၂၀ ရက်မှာ လှည်းကူးမြို့နယ် တရားရုံးကို တရားစွဲဆို တင်ပို့ခဲ့တာ ဖြစ်ပါတယ်။

Source : 7DayDaily

Photos : Aung Myint Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video