ကားလိုင်စင်သက်တမ်းတိုးရာမှာ ယာဉ်စစ်ဆေးမယ့် ရက်ချိန်းကို အွန်လိုင်းကနေ ဘွတ်ကင်ပြုလုပ်နိုင်မယ့် စနစ်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့ က စပြီး အသုံးပြုနိုင်တော့မယ်လို့ ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဒီဇင်ဘာ ၁၅ ရက်နေ့ က အသိပေးကြေညာထားပါတယ်။

play

 

ဒီထုတ်ပြန်ချက်ထဲမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်သက်တမ်းတိုးသည့် ယာဉ် အစီးရေများပြားလာသဖြင့် အချိန်ကြာမြင့်ခြင်း၊ ယာဉ်များတန်းစီရပ် နားထားသဖြင့် လမ်းပေါ်တွင် ယာဉ်ကြောကျပ်တည်းခြင်း အ ခက်ခဲများ ကြုံတွေ့နေရကြောင်း၊ ယင်းအခက်အခဲများ လျော့နည်းစေရန် အွန်းလိုင်းဘွတ်ခ်ကင်စနစ်ကို ဒီဇင်ဘာ ၂၇ ရက်က စတင်ကျင့်သုံးသွားမယ်လို့ ဖော်ပြထားတာပါ။

အွန်လိုင်းမှာ ဘွတ်ခ်ကင်ယူထားတဲ့ ယာဉ်တွေကို လာမယ့်နှစ် ဇန်နဝါရီ လ ၂ ရက်နေ့ မှာ စတင်စစ်ဆေးပေးသွားမှာ ဖြစ်ပြီး နယ်ဝင်ယာဉ်များ ၊ ပြောင်းလဲ စစ်ဆေးခံမည့် ယာဉ်များနဲ့ ဆိုင်ကယ်တွေအနေနဲ့ အွန်လိုင်း ဘွတ်ကင်မလိုဘဲ ယခင်အတိုင်း စစ်ဆေးနိုင်မှာ ဖြစ်တယ်လို့ လည်း သိရပါတယ်။

Source: 7day Daily news

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video