play

 

ရန်ကုန်-စစ်တွေ ကားလမ်းတစ်လျှောက်မှာ သုံးပတ်အတွင်း မိုင်း ၁၃ လုံးတွေ့ရှိခဲ့ကာ ပေါက်ကွဲမှု ခုနစ်ကြိမ် ဖြစ်ပေါ်ခဲ့လို့ ကားလမ်းတစ်လျှောက်ကို လုံခြုံရေးတင်းကျပ်ထားကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး အောင်မြတ်မိုးက ပြောပါတယ်။

“နိုင်ငံရေး တင်းကြပ်ရှုပ်ထွေးမှုတွေ ရှိနေတော့ အဓိက လမ်းမကြီးဖြစ်တဲ့ ဒီနေရာကို ပစ်မှတ်ထား ဖောက်ခွဲဖို့ အာရုံစိုက်လာတာပါ။ လမ်းကရှည်သလို တစ်လျှောက်လုံး တံတားတွေ များတယ်။ လုံခြုံရေးစိုးမိုးမှု ကောင်းတဲ့အထိ တင်းကြပ်မယ်”လို့ ရဲမှူးကြီးအောင်မြတ်မိုးက ပြောပါတယ်။

play
မင်းပြားမြို့နယ် စစ်တွေ-ရန်ကုန် ကားလမ်းပေါ်တွင် နိုဝင်ဘာလ ၁၅ ရက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့စဉ်။

 

ရန်ကုန်-စစ်တွေ ကားလမ်းမှာ နိုဝင်ဘာလ ၁၅ ရက်ကနေ ဒီဇင်ဘာလဆန်းအထိဖြစ်ပွားခဲ့တဲ့ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ဝင် AA မှာ အဓိက တာဝန်ရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာလ ၇ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် အဆိုပါ မိုင်းဖောက်ခွဲမှုကို AA အဖွဲ့က လုံးဝကျူးလွန်ခြင်း မရှိကြောင်း ပြန်လည် ငြင်းဆန်ထားပါတယ်။

ရန်ကုန်-စစ်တွေ ကားလမ်းက ရခိုင်ပြည်နယ်အတွက် ကုန်စည်ကူးသန်းဖို့ အဓိကဖြတ်သန်းသွားလာရတဲ့ လမ်းဖြစ်ပြီး ကားလမ်းတစ်လျှောက် ဖောက်လုပ်ထားတဲ့ တံတားအစင်း ၁၈၀ ကျော်ရှိလို့ လုံခြုံရေးပိုင်းကို ရဲတပ်ဖွဲ့၊ တပ်မတော်နှင့်ကျေးရွာ လုံခြုံရေးအဖွဲ့တွေ ပူးပေါင်းပြီး ၂၄ နာရီအပြည့် လုံခြုံရေး ယူထားကြောင်း ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး အောင်မြတ်မိုးက ပြောပါတယ်။

Source : The Voice

Photos : Informations Committee

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video