AD
AD
AD
play

 

၈၈ မျိုးဆက်တွေ အပါအဝင် နိုင်ငံရေးမျိုးဆက်တွေပါဝင်မယ့် ပါတီအမည်ကို ရှစ်လေးလုံးပါတီ (The Four Eight) ဟုပေးထားပြီး ရက်ပိုင်းအတွင်း ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်သွားမယ်လို့ နိုင်ငံရေးပါတီဖြစ်မြောက်ရေး ဦးဆောင်ကော်မတီအဖွဲ့ဝင်တွေက ပြောပါတယ်။

အဆိုပေါကော်မတီအစည်း အဝေးကို သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းတိုက်မှာ နှစ်ရက်ကြာ ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

‘‘အခု ပါတီထောင်တာဟာ ၈၈ ငြိမ်းပွင့်ကို နာမည်ပြောင်းတာ မဟုတ်ဘူး။ ၈၈ ငြိမ်းပွင့်ကို ပါတီ ထောင်လိုက်တာ မဟုတ်ဘူး။ ဒါလေး ကျွန်တော်တို့ အရင်ဆုံးရှင်းပြပါရစေ။ ကျွန်တော်တို့ အခု ဖွဲ့စည်းတဲ့အထဲမှာ ကျောင်းသား၊ တပ်မတော် ရဲဘော်ဟောင်းတွေ ပါသလို နယ်အသီးသီးမှာ ပြန့်ကျဲ နေတဲ့ ၈၈ အင်အားစုတွေ ပါ တယ်။ နောက် ကျွန်တော်တို့ထက် ငယ်တဲ့ မျိုးဆက်တွေ လူငယ် တွေပါသလို ကျွန်တော်တို့ထက် ကြီးတဲ့ အရင် ၇၄ တို့၊ ဘာတို့က ပါဝင်ခဲ့တဲ့ ရဲဘော်တွေပါတယ်"လို့  ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီးက ပြောပါတယ်။

play

 

ရှစ်လေးလုံး ကြွေးကြော်သံ ဒီမိုကရေစီရရှိရေးဆိုတဲ့ အချက်ကို ဒီနေ့အထိ ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်သေးလို့ ပါတီတစ်ရပ် ထူထောင်ရတာလို့ ဦးကိုကိုကြီးက ရှင်းပြပါတယ်။

နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ကော်မတီအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ်စေဖို့ အဓိကထား ဆောင်ရွက်မှာဖြစ်ပြီး မူဝါဒနဲ့ ကိုက်ညီပြီး အတူလက်တွဲနိုင်မယ့် ပါတီတွေနဲ့လည်း မဟာမိတ်အဖြစ် ဆောင်ရွက်မယ်လို့ ဦးဆောင်ကော်မတီဝင်တွေက ပြောပါတယ်။

ရှစ်လေးလုံးပါတီလို့ အမည်ပေးထားတဲ့ ပါတီကို ဦးဆောင်မယ့် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတွေကို ဦးဆောင်ကော်မတီဝင်တွေက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခြင်းမရှိခဲ့ပါဘူး။

Source & Phtos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD