AD
AD
AD
play
ဒီဇင်ဘာလ ၁၅ ရက်က မိုးကုတ်မြို့တွင် ရေခဲနေစဉ်။

 

တရုတ်နိုင်ငံကိုဖြတ်နေတဲ့ အအေးလှိုင်းအဖျားခတ်မှုကြောင့် မြန်မာနိုင်ငံဒေသအများစုမှာ ယခုရက်ပိုင်း လေး၊ငါးရက်အတွင်း ပုံမှန်ထက် အအေးပိုနေနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က  ပြောပါတယ်။

‘‘အအေးလှိုင်က ဒီရက်ပဲ အပြီးသတ် ဖြတ်မယ်။ ဒါပေမဲ့ အရှိန်က ကျန်ခဲ့ဦးမှာကြောင့် မြန်မာနိုင်ငံမှာ လည်း နောက် လေး၊ ငါးရက် လောက်အေးနေဦးမယ်’’လို့ ဒေါက်တာထွန်းလွင်က ပြောပါတယ်။

တရုတ်နိုင်ငံအရှေ့ပိုင်းဒေသတွေမှာ ဒီဇင်ဘာ ၁၆ ရက်ကနေ ၁၇ ရက်အတွင်း အအေးလှိုင်းဖြတ်ခဲ့ပြီး အဆိုပါအအေးလှိုင်းရဲ့ အဖျား ခတ်မှုကြောင့် မြန်မာနိုင်ငံအတွင်း အအေးပိုလာတာလို့ ဆိုပါတယ်။

play

 

အအေးပိုလာနိုင်တဲ့ ဒေသတွေက ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည် နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးမှာလည်း ပုံမှန်ထက်အနည်းငယ် ပိုအေးလာနိုင်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၇ ရက်ကနေ ၂၁ ရက် အတွင်း မြန်မာနိုင်ငံအထက်ပိုင်းကို မြောက်ဘက်အရပ်ကနေ အအေးပေါ့စေနိုင်တဲ့ လေတွေ ၀င်ရောက်လာနိုင်လို့ အဆိုပါ ဒေသနှစ်ခုမှာ အအေးပေါ့လာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ပြောပါတယ်။ လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံဒေသအများစုမှာ အေးနေပြီး မိုးကုတ်မြို့မှာ ရေခဲသည်အထိ  အေးနေတယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : U Tun Lwin Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD