AD
AD
AD
play

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုသာန်မှာ အမည်မသိရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့လို့ ဒီဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်တာကို စစ်ဆေးတွေ့ရှိရင် တရားဥပဒေနဲ့ အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာ ၁၈ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အင်းဒင်ကျေးရွာသုသာန်မှာ လူအများကို သတ်ဖြတ်မြှုပ်နှံထားကြောင်း သတင်းပေးပို့ တိုင်ကြားချက်အရ သွားရောက်စစ်ဆေးရာ အမည်မသိ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ရှာဖွေတွေ့ရှိတဲ့ ရုပ်အလောင်း အရေအတွက်တော့ မဖော်ပြထားပါဘူး။

play

 

ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်က စပြီး ဘူးသီးတောင်၊ မောင်တောဒေသမှာ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး နယ်မြေဒေသ ပြန်လည်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရာမှာ ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းတွေ (Rules of Engagement) တွေနဲ့အညီ ဆောင်ရွက်ဖို့ အောက်ခြေအဆင့်အထိ ညွှန်ကြားထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Source : 7DayDaily

Photo : DSO

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD