AD
AD
AD
play

 

ကရင်တိုင်းရင်းသားတွေအနေနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် သတ္တိရှိရှိ၊ ရဲရဲရင့်ရင့်နဲ့ ပူပေါင်းပါဝင်လျှောက်လှမ်းပေးမှုကို ဝမ်းမြောက်ဂုဏ်ယူတယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားမိန့်ခွန်းမှာ ပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာ ၁၈ ရက် (ကရင် နှစ် ၂၇၅၂ ခုနှစ် ပြာသိုလဆန်း ၁ ရက်)မှာ ကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို နေပြည်တော်မှာ ကျင်းပခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တက်ရောက်မိန့်ခွန်း ပြောကြားတဲ့အချိန်မှာ အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။

play

 

‘‘ယနေ့အချိန်အခါမှာ ကရင် တိုင်းရင်းသားတွေအနေနဲ့ အမျိုး သား ပြန်လည်သင့်မြတ်ရေးအ တွက် သတ္တိရှိရှိ၊ ရဲရဲရင့်ရင့်နဲ့ ပူးပေါင်း ပါဝင်လျှောက်လှမ်းနေတာ ကိုလည်း ၀မ်းမြောက်ဂုဏ်ယူဖွယ် ရာတွေ့မြင်ကြရပါတယ်။ အဲဒီအတွက်လည်း ကရင်ခေါင်း ဆောင်များ၊ ကရင်တိုင်းရင်းသားများ၊ ငြိမ်းချမ်းရေးအကျိုးဆောင် များအားလုံးကို ပြည်ထောင်စုကြီး ရဲ့ကိုယ်စား ကျေးဇူးဥပကာရ အထူးပင် တင်ရှိပါကြောင်း ဒီကနေ့လို အခွင့်အခါသင့်ခိုက်မှာ လေး လေးနက်နက် ပြောကြားလိုပါတယ်’’လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့ ခရီးလမ်းမှာ ခိုင်ခိုင်မာမာလက်တွဲပြီး လျှောက်လှမ်းပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပြီး ကရင်ဒေသမှာ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေ တဖြည်းဖြည်းချင်း ဝေဆာလာမှုကို မငြိမ်း ချမ်းသေးတဲ့ ဒေသတွေမှာရှိတဲ့ ပြည်သူတွေက အားကျစွာဖြင့် ငြိမ်းချမ်းရေးကို ငေးမျှော်နေကြတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

Source : 7DayDaily

Photos : State Counsellor Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD