play

 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်းကို Robinson Business School Myanmar ရဲ့ မိတ်ဖက်တက္ကသိုလ်ဖြစ်တဲ့ ပိုလန်နိုင်ငံ University of Information Technology and Management in Rzeszow, Poland ကနေ Honorary Doctorate in Business Administration ဘွဲ့ကို ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

play

 

ဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်းက  Honorary Doctorate in Business Administration ဘွဲ့ကို ဒီဇင်ဘာ ၁၈ ရက် ညနေ ၆ နာရီ အချိန်မှာ လက်ခံရယူခဲ့ပြီး တက်ရောက်ချီးမြှင့်ခဲ့တဲ့ ဧည့်သည်တော်တွေကို ဝန်ကြီးချုပ်နေအိမ် မြက်ခင်းပြင်မှာ ညစာနဲ့ တည်ခင်းဧည့်ခံခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အသက် (၄၈)နှစ် ရှိပြီဖြစ်ပြီး ရူပဗေဒဘာသာရပ် အထူးပြုနဲ့ တက္ကသိုလ်ဒုတိယနှစ်အထိ တက်ရောက်ထားသူ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ အမျိုးသားဒ်ီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ် လှည်းကူးမြို့နယ်မဲဆန္ဒနယ်မှ ဝင်ရောက်ရွေးချယ်ခံခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။

Photos : Phyo Min Thein Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video