AD
AD
AD
play

ကမာရွတ်မြို့နယ်က အသက် ၁၅ နှစ်အရွယ် နဝမတန်းကျောင်းသူတစ်ဦးကို အွန်လိုင်းကနေ သိကျွမ်းချစ်ကြိုက်ကာ မြောက်ဒဂုံက တည်ခိုးခန်းတစ်ခုကို ခေါ်သွားပြီး အဓ္ဓမပြုကျင့်ခဲ့တဲ့အမျိုးသားကို အနောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၂၃ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

တရားခံ သန်းကိုကိုမောင်က အဆိုပါမိန်းကလေးကို အွန်လိုင်းကနေတဆင့် ချစ်ကြိုက်ဟန်ဆောင်ကာ ပထမဆုံးချိန်းတွေ့တဲ့နေ့မှာပဲ မူးယစ်စေတဲ့ အချိုရည်တွေတိုက်ကြွေးပြီး တည်းခိုခန်းကို ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့တာ ဖြစ်ပါတယ်။

play

 

၂၀၁၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှာ တရားလိုဖြစ်သူ မိန်းကလေးကနေအိမ်ကနေ ပျောက်ဆုံးသွားခဲ့ပြီး ၃ ရက်အကြာမှ မြောက်ဒဂုံရှိ တည်းခိုခန်းတစ်ခုမှာ တရားခံနဲ့ အတူတွေ့ရှိရပြီး တရားခံကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်ခဲ့တဲ့ အဆိုပါအမျိုးသားကို အနောက်ပိုင်းခရိုင်တရားရုံးက အလိုမတူဘဲ ခိုးယူပေါင်းသင်းမှု၊ မုဒိမ်းမှုတို့နဲ့ စွဲချက်တင်ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအမိန့်ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး စွဲချက်တင်ထားတဲ့ပုဒ်မတွေအပေါ် ကျေနပ်မှုမရှိတာကြောင့် တရားဆက်လက်စွဲဆိုသွားမယ်လို့ ကျူးလွန်ခံရတဲ့ မိန်းကလေးရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

Photos : Yangon Police

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD