AD
AD
AD
play

 

လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေရှိနေတဲ့ ၁၂ လ ရာသီ လိုက်ကာပန်းချီကားကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်အရ ပြန်လည်ပြင်ဆင် ရေးဆွဲမယ်လို့ ပန်းချီဆရာ ဇော်ဇော်အောင်က ပြောပါတယ်။

‘‘အားလုံးအတွက် အဆင်ပြေအောင် လုပ်ပေးမယ်။ ပန်းချီကားကို ပြန်ရေးပါမယ်။ ကိုယ့် စိတ်တစ်ခုတည်းနဲ့ဆိုရင် ပြင်စရာ မလိုဘူး။ ကျွန်တော် ဘာသာတရားစော်ကားတာ လုံးဝမရှိဘူး။ အမှန်က အဲဒီပန်းချီကားကို တစ်တောင်လောက်မြင့်တဲ့ခုံပေါ်မှာ ထားမှာပါ။ ဒေါ်အောင်ဆန်းစု ကြည်လာကြည့်တုန်း ပြရတာမို့ ဒီအတိုင်းပြလိုက်တာ’’လို့ ပန်းချီ ဆရာဇော်ဇော်အောင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် စိတ်ကူးအတိုင်း ရေးဆွဲခဲ့တဲ့ အဆိုပါ ပန်းချီကားကို မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီ ကိုယ်စားပြုတဲ့ ပန်းတွေ၊ ပွဲတော်တွေ၊ ဂြိုဟ်ခွင်တွေ၊ နက္ခတ်တွေနဲ့ ရေးဆွဲထားတာ ဖြစ်ပါတယ်။ အဆိုပါ ပန်းချီကားအောက်မှာ ဘုရားပုံတွေပါနေပြီး ပန်းချီကားကို ချထားရင် ပန်းချီ ကားထဲက ဘုရားပုံတွေက လူခြေထောက်နဲ့ တစ်တန်းတည်း ဖြစ်နေတယ်ဆိုပြီး ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။

play

 

‘‘ဘုရားပုံကြီး အောက်ထားပြီးရေးပေးပါလို့ သူပြောတာ မဟုတ်ဘူး။ ဒေါ်စုက အဲဒီနေ့ ချက်ချင်းမှာပဲ အဲဒီစကားတွေ ကြား ရတယ်။ ဒေါ်စုပြောတဲ့စကားက ရှင်းရှင်းလေး။ အများရဲ့ ဆန္ဒကို နားထောင်ပေးပါ။ လက်ခံပေးပါ။ နောက် ရဟန်း၊ သံဃာတော်တွေ ရဲ့ ဆုံးမပဲ့ပြင်မှုကို နားထောင်ပေး ပါ။ ဒါကြောင့် ပြန်ရေးပေးဖို့ ဆုံး ဖြတ်လိုက်တာပါ။ ကိုယ့်အတွက်ကြောင့် ဒေါ်စု ထိခိုက်နစ်နာမှာ စိုးလို့ပါ’’လို့ ပန်းချီဆရာဇော်ဇော်အောင်က ပြောပါတယ်။

 အဆိုပါ လိုက်ကာပန်းချီကားက အမြင့် ၆ ပေခွဲ၊ အ လျား ၂၃ ပေရှိပြီး ကင်းဗတ်ပေါ်မှာ ဆီဆေးနဲ့ရေးဆွဲထားတာဖြစ်ပြီး ပန်းချီကားလို့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် လိုချင်တဲ့ အချက်အလက်တွေကို ပန်းချီဆရာက အကြမ်းသာသိရလို့ အဆိုပါ အချက်အလက်တွေ အပေါ် အခြေခံရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

Source : 7DayDaily

Photos : Thet Soe's Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD