play

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုသာန်မှာ  အမည်မသိ ရုပ်အလောင်း ၁၀ လောင်း တူးဖော်တွေ့ရှိခဲ့ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါရုပ်အလောင်းတွေကို မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ် ဦးဆောင်ပြီး မြို့နယ်တရားသူကြီး ဦးဇော်ဇော်သန်း၊ အင်းဒင်ရဲစခန်းမှာ ရဲအုပ်အေးမင်းထွန်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မောင်မောင်သိန်း၊ လက်ထောက်ဆရာဝန် ဒေါက်တာ မြတ်ထွန်းခိုင် တို့ပါဝင်တဲ့အဖွဲ့က စစ်ဆေးတူးဖော်ခဲ့ပြီး မည်သူမည်ဝါမခွဲခြားနိုင်တဲ့ ရုပ်အလောင်း ၁၀ လောင်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

play

 

အမည်မသိရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တဲ့ ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်တာကို စစ်ဆေးတွေ့ရှိရင် တရားဥပဒေနဲ့ အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာ ၁၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်ကစပြီး ဘူးသီးတောင်၊ မောင်တောဒေသမှာ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး နယ်မြေဒေသ ပြန်လည်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရာမှာ ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းတွေ (Rules of Engagement) တွေနဲ့အညီ ဆောင်ရွက်ဖို့ အောက်ခြေအဆင့်အထိ ညွှန်ကြားထားကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Source & Photos : DSO

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video