AD
AD
AD
play

 

ကျိုက်ထီးရိုးစေတီတောင်ပေါ်မှာ အရက်သေစာ ရောင်းချ၊ သယ်ယူတာတွေကို အရင်တုန်းက တားဆီးခဲ့ပေမယ့် ဒီနှစ်မှာတော့ အရက်တွေ သယ်ဆောင် ရောင်းချတာတွေကို တင်းတင်းကျပ်ကျပ် ဖမ်းဆီးနေတယ်လို့ ဂေါပကအဖွဲ့ဝင် ဦးကျော်ဝင်းလှိုင်က ပြောပါတယ်။

‘‘ဘုရားနားက ဆိုင်တွေမှာ ရောင်းတာတွေတွေ့ရင် ကျွန်တော်တို့ အရေးယူမှုတွေ လုပ်တယ်။ ပေးမရောင်းဘူး။ သာသနာနယ်မြေမှာ အရက်ရောင်း ချတာတို့၊ သောက်ဖို့သယ်ဆောင် လာတာတို့ကို ခွင့်မပြုပါဘူး။ ဘုရားဖူးများတဲ့နေ့မှာ ပူးပေါင်း အဖွဲ့နဲ့ ဂိတ်တွေမှာ စစ်ဆေးတယ်။ ဆိုင်တွေကိုတော့ သူ့အချိန်နဲ့သူ စစ်တယ်’’လို့ ဦးကျော်ဝင်းလှိုင်က ပြောပါတယ်။

play

 

ကျိုက်ထီးရိုးစေတီ နယ်နိမိတ်အတွင်း အရက်သောက်သုံးတာတွေရှိနေလို့ အရက်၊ ဘီယာကင်းမဲ့ဇုန်ပြုလုပ်ဖို့ အစီအစဉ်ရှိ၊ မရှိ ပေါင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ဒီဇင်ဘာ ၁၂ ရက်က မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ မေးမြန်းခဲ့ရာမှာ အဆိုပါနယ်မြေမှာ ထိန်းချုပ်ဖို့ ခက်ခဲနေကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြန်လည် ဖြေကြားဘူးပါတယ်။

ကျိုက်ထီးရိုးနယ်မြေ နယ်နမိတ်အတွင်းက အရက်ဘီယာသောက်သုံးတာတွေကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားပေမယ့် စားသောက်ဆိုင်တွေမှာ အချိုရည်ပုလင်းတွေထဲကို ထည့်သွင်းရောင်းချတာတွေရှိနေလို့ ထိန်းချုပ်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အာက်တိုဘာ ၁၄ ရက်ကလည်း ကျီးကန်းပါးစပ်လမ်းရှိ ဈေးဆိုင်ထဲမှာ အရက်ရောင်းချတဲ့သူနှစ်ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : 7Day,Go Myanmar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD