play

 

၂၀၁၆ အောက်တိုဘာ ၉ ရက်က မောင်တောအခြေစိုက် နယ်ခြားစောင့်ရဲဌာနချုပ်နဲ့ ငါးခူရရဲစခန်းကို အကြမ်းဖက်တိုက်ခိုက်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားစွဲဆိုထားသူ ၈၁ ဦးကို ဘူးသီးတောင်မြို့နယ် တရားရုံးက ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ပြစ်ဒဏ်တွေကို ဒီဇင်ဘာ ၁၄ ရက်နဲ့ ၁၅ ရက်မှာ ချမှတ်ခဲ့ပြီး မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၂)၊ ပြည်သူပိုင် ပစ္စည်း ကာကွယ်ရေးဥပဒေပုဒ်မ ၆(၁)၊ လက်နက်ဥပဒေပုဒ်မ ၁၉ -က နဲ့ ၁၉(င) တို့နဲ့ အမိန့်ချ မှတ်ခဲ့တာလို့ အမှုလိုက်ပါဆောင်ရွက်တဲ့ တရားလွှတ် တော်ရှေ့နေ ဦးအောင်ကျော်ညွန့်က ပြောပါတယ်။

‘‘ပြစ်ဒဏ်တွေကတော့ စွဲ တင်ထားတဲ့ ပုဒ်မလေးခုမှာပါဝင် ကျူးလွန်တဲ့ ကဏ္ဍအလိုက် ချလိုက်တာဖြစ်ပါတယ်။ အနည်းဆုံးတော့ ခြောက်နှစ်၊ ကိုးနှစ်နဲ့ အများဆုံး ဆယ့်လေးနှစ်ဖြစ်ပါတယ်’’လို့ ဦးအောင်ကျော်ညွန့်က ပြောပါတယ်။

play

 

၂၀၁၆ အောက်တိုဘာ ၉ ရက်က မောင်တောအခြေစိုက် နယ်ခြားစောင့်ရဲဌာနချုပ်၊ ငါးခူရ ရဲစခန်းနဲ့ ကိုးတန်ကောက် ရဲစခန်းကို အကာလ်မူမူလ်ဂျာဟီဒင်အဖွဲ့က အကြမ်းဖက်စီးနင်း တိုက်ခိုက်ခဲ့မှုကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်ကိုးဦး ကျဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၅၁ လက်နဲ့ ကျည်မျိုးစုံ ၁၀၁၄၀ တောင့် ဆုံးရှုံးဆုံးရှုံးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ အကြမ်းဖက်မှု ပြစ်ဒဏ်ကျူးလွန်သူ လေးရာကျော်ကို ဖမ်းဆီးတရားစွဲထားတယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : DVB,

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video