play

 

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီကို မြန်မာနိုင်ငံကို လာရောက်ခွင့် မပြုနိုင်တော့ဘူးလို့ မြန်မာအစိုးရက သတင်းပေး အကြောင်းကြားခဲ့ကြောင်း UNHCR က သတင်းထုတ်ပြန်လိုက်ပါတယ်။

မစ္စစ်ရန်ဟီးလီရဲ့ ဆောင်ရွက်ချက်တွေက မျှတမှုမရှိဘဲ ဘက်လိုက်တာတွေကြောင့် ယုံကြည်မှုမရှိလို့ အခုလို ဆောင်ရွက်ခဲ့တာလို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက အတည်ပြု ပြောကြားထားပါတယ်။

‘‘သူမဆောင်ရွက်ချက်တွေက မျှတမှုကင်းမဲ့ပြီး ဘက်လိုက်မှု တွေရှိပါတယ်။ သူမအပေါ် ယုံ ကြည်မှု မရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့က နယူးယောက်နဲ့ ဂျီနီဗာမှာရှိတဲ့ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ဆီ အကြောင်းကြားခဲ့ပါတယ်။ နောက် ပြီး ဂျီနီဗာမှာ ရှိတဲ့ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ နယူး ယောက်မှာရှိတဲ့ ကုလသမဂ္ဂအ ထွေထွေအတွင်းရေးမှူးချုပ်ရုံးတို့ ဆီလည်း အကြောင်းကြားခဲ့ပါ တယ်’’လို့ ဦးဇော်ဌေးက ပြောပါတယ်။

play

 

မစ္စစ်ရန်ဟီးလီက ၂၀၁၄ က စတင်ကာ မြန်မာနိုင်ငံကို တစ်နှစ်လျှင် နှစ်ကြိမ်လာရောက်ပြီး ၂၀၁၇ ဇူလိုင်မှာ ခြောက်ကြိမ်မြောက်အဖြစ် လာရောက်ကာ အဆိုပါခရီးစဉ်အပြီး အစိုးရလုံခြုံ ရေးတပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ အစီရင်ခံစာတွေ ရရှိခဲ့ပြီး အစိုးရသစ်က အရင်အစိုးရ အမူအကျင့်တွေအတိုင်း ပြုမူနေလို့ စိတ်ပျက်ရကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

မစ္စစ်ရန်ဟီးလီက ၂၀၁၇ ဇန်နဝါရီမှာ လာရောက်ခဲ့တဲ့ မြန်မာနိုင်ငံခရီးစဉ်အပြီး ကုလလူ့အခွင့်အရေးကောင်စီကို လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် စေလွှတ်ဖို့ တိုက်တွန်းခဲ့ပါသေးတယ်။

Source : 7DayDaily

Photo : Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video