play

 

အအေးလှိုင်းအဖျားခတ်မှု ဆက်လက်ဖြစ်နေသေးလို့ မြန်မာနိုင်ငံ ဒေသအများစုမှာ နောက်နှစ်ရက်လောက်အထိ ပုံမှန်ထက်အေးနိုင်ပြီး အဆိုပါကာလနောက်ပိုင်းမှာ အအေးပြန်ပေါ့နိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။

တရုတ်နိုင်ငံအရှေ့ပိုင်းဒေသတွေမှာ ဒီဇင်ဘာ ၁၆ ရက်ကနေ ၁၇ ရက်အတွင်း အအေးလှိုင်းဖြတ်ခဲ့ပြီး အဆိုပါအအေးလှိုင်းရဲ့ အဖျားခတ်မှုကြောင့် ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံဒေသအများစုမှာ ပုံမှန်ထက်အအေးပိုခဲ့ပါတယ်။

play

 

‘‘တရုတ်ကို အအေးလှိုင်း ဖြတ်တာက ပြီးသွားပြီ။ ဒါပေမဲ့ အရှိန်က ရှိနေသေးတာ။ နောက်နှစ်ရက်လောက်အတွင်း အေးနေ နိုင်သေးတယ်။ အဲဒီကာလလွန်ရင် အအေးပြန်ပေါ့နိုင်တယ်’’လို့ ဒေါက်တာထွန်းလွင်က ပြောပါတယ်။

လက်ရှိအချိန်အအေးပိုနိုင်တဲ့ ဒေသတွေက ချင်း၊ ရခိုင်၊ ရှမ်းနဲ့ ကယားပြည်နယ်၊ မန္တလေး၊ မကွေး၊ ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့ပါဝင်ကာ ဧရာဝတီတိုင်းဒေသကြီးမှာလည်း ပုံမှန်ထက်အနည်းငယ် ပိုအေးလာနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ အထက်ပိုင်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းတို့မှာ အရင်ကထက် အနည်းငယ် အအေးပေါ့လာနိုင်တယ်လို့ ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video