play

 

ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနမှ သတင်ေးထာက်နှစ်ဦးဖြစ်တဲ့ ကိုကျော်စိုးဦး (ခ) မိုးအောင်နဲ့ သက်ဦးမောင် (ခ) ၀လုံးတို့ ကိစ္စကို သတင်းမီဒီယာဥပဒေအရ ဖြေရှင်းပေးဖို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက အစိုးရတာဝန်ရှိသူတွေကို တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ မြန်မာနိုင်ငံလျှို့ဝှက်ချက်များဥပဒေပုဒ်မ ၃ အရ ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ဒီဇင်ဘာ ၂၀ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အချက်သုံးချက်ပါတဲ့ ကြေညာချက်တခုကို ထုတ်ပြန်ခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ သတင်းထောက်နှစ်ဦးကိစ္စကို သတင်းမီဒီယာဥပဒေအရ ဖြေရှင်းခွင့်ရရင် ဖြေရှင်းခွင့်ပေးသင့်ပြီး တရားရုံးတင် စစ်ဆေးပါက လိုအပ်လျှင် ကျွမ်းကျင်သက်သေ ( Expert witnesss ) အဖြစ် သတင်းမီဒီယာကောင်စီကနေ ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တရားမျှတတဲ့ ဆုံးဖြတ်ချက်တွေဖြစ်ဖို့ ဥပဒေရေးရာ အထောက်အကူလိုအပ်ပါက သတင်းမီဒီယာကောင်စီကို လုပ်ဆောင်ခွင့်ပေးစေလို တယ်လို့ ထုတ်ပြန်ခဲ့တာပါ။

play

 

ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ တစ်စုံတစ်ရာ ပြောဆိုပေးသင့်တယ်လို့ ကောင်စီအတွင်းရေးမှူး ဦးသီဟစောက ပြောပါတယ်။

ရိုက်တာသတင်းဌာနက သတင်းထောက်နှစ်ဦးက ရဲတပ်ဖွဲ့ဝင်တွေကို ချဉ်းကပ် စည်းရုံးဆက်သွယ်ကာ အရေးကြီးလုံခြုံရေး စာရွက်စာတမ်း အ ထောက်အထားတွေကို ပြည်ပသတင်းဌာနတွေကို ပေးပို့ဖို့ ရည်ရွယ်ချက်နဲ့ တရားမဝင် သတင်းရယူဆောင်ရွက်ခဲ့တယ်ဆိုပြီး အစိုးရလျှို့ဝှက်ချက်များ ဥပဒေ ပုဒ်မ-၃ နဲ့ ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video