AD
AD
AD

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေနဲ့ တယ်လီဖုန်းကိရိယာဆိုင်ရာလိုင်စင်ပေါင်း ၁၇၀ ချထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကနေ တယ်လီဖုန်း ကိ ရိယာနဲ့ဆက်စပ်ပစ္စည်းများ ရောင်းဝယ်ခွင့်လိုင်စင်နှင့် စမ်းသပ်ပြသခွင့်လိုင်စင်လျှောက်ထားသူတွေကို စိစစ်ဆောင်ရွက်ပေးလျက်ရှိတယ်လို့ဆိုပါတယ်။ လက်ရှိချထားပြီးတဲ့ လိုင်စင်ပေါင်း ၁၇၀ ဟာ ဒီဇင်ဘာ ၁၂ ရက် ရက်စွဲနဲ့ထုတ်ပြန်ထားတဲ့စာရင်းဖြစ်ပါတယ်။ ဆက်လက်လျှောက်ထားလာတဲ့ ကုမ္ပဏီတွေကိုစိစစ်ပြီး လိုင်စင်တွေထုတ်ပေးနိုင်ဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိချထားပေးတဲ့ လိုင်စင်တွေနဲ့ မိုဘိုင်းဖုန်း ကိရိယာနှင့် ဆက်စပ်ပစ္စည်းများ၊ လိုင်းဖုန်း PABX GDM, CDMA, WCDMA ဖုန်း စတဲ့ ပစ္စည်းတွေကို ရောင်းချဝန်ဆောင်မှု ပေးလျက်ရှိတယ်လို့ တွေ့ရပါတယ်။ အဲဒီအပြင် Server Cabinet, Work Station & Peripherals, Radio receiver, Radio transmitter အစရှိတဲ့ ပစ္စည်းရောင်းချခြင်း ဝန်ဆောင်မှုတွေကိုလည်း တွေ့ရပါတယ်။ ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေဟာ ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှ ကုမ္ပဏီများအများစုဖြစ်ကြောင်း တွေ့ရပါတယ်။

Source; Internet journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD