play

 

ရွှေတိဂုံစေတီတော် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာနဲ့ သံဃာတော်အပါး ၁၈,၀၀၀ ကို ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပမယ့် ဒီဇင်ဘာ ၃၁ ရက် ညနေ ၄ နာရီကစတင်ပြီး ၂၀၁၈ ဇန်နဝါရီ ၁ ရက်အခမ်းအနားပြီးတဲ့အထိ လမ်းတချို့ ခေတ္တပိတ်ထားမယ်လို့ မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။

‘‘ညဘက်ကျရင် နှစ်သစ် ကူးပွဲရှိတဲ့အတွက် လမ်းကျပ်တဲ့ နေရာတွေမှာ ယာဉ်ထိန်းရဲတွေ ချထားမယ်။ အခု လမ်းပိတ်တဲ့ နေရာတွေကများမယ်။ တချို့ နေရာတွေတော့ လမ်းလွှဲလေး တွေပေးမယ်။ ပွဲပြီးတဲ့အချိန်ထိ ပိတ်မှာဆိုတော့ အချိန်တော့ အတိအကျပြောလို့မရဘူး’’လို့ အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

လမ်းပိတ်မယ့် နေရာတွေက ဦးဝိစာရလမ်းကို ဓမ္မစေတီလမ်းဆုံကနေ မော်ကွန်းတိုက်လမ်းဆုံအထိ၊ ဓမ္မစေတီလမ်းကို ဦးဝိစာရလမ်းဆုံကနေ လင့်လမ်းအထိ၊ အနောက်ရွှေဂုံတိုင်လမ်းကို ရေတာရှည် လမ်းဟောင်း၊ သစ်ကနေ ဦးဝိစာရနဲ့ အာဇာနည်လမ်းဆုံအထိ ခေတ္တ ပိတ်ထားမှာ ဖြစ်ပါတယ်။

play

 

ရေတာရှည်လမ်းဟောင်း၊ လမ်းသစ်ကို အနောက်ရွှေဂုံတိုင်လမ်းကနေ ဦးထောင်ဘိုလမ်းအထိ၊ ကြားတောရလမ်းကို ကမ္ဘာအေးဘုရားလမ်းမကနေ ရွှေတိဂုံအရှေ့မုခ် အထိ၊ ဦးထောင်ဘိုလမ်းကို ဗဟန်းအဝိုင်းကနေ ဦးဝိစာရအဝိုင်းအထိ၊ ရွှေတိဂုံဘုရားလမ်းကို ရွှေတိဂုံစေ တီတောင်ဘက်မုခ်ကနေ ပန်တျာလမ်းအထိ ပိတ်ထားမယ်လို့ သိရပါတယ်။

ဒါ့အပြင် မြို့မကျောင်းလမ်းကို အလုံလမ်းကနေ မော်ကွန်းတိုက်လမ်းအထိ၊ အလုံလမ်းကို ပြည်လမ်းကနေ ဦးဝိစာရအဝိုင်းအထိ၊ အာ ဇာနည်လမ်းကို ရွှေတိဂုံတောင်ဘက်မုခ်ကနေ အနောက်ရွှေဂုံတိုင်လမ်းနဲ့ ဦးဝိစာရလမ်းဆုံအထိ ခေတ္တလမ်းပိတ်တာတွေနဲ့ လမ်းလွှဲတာတွေ ပြုလုပ်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

Source & 7Daydaily,

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video