AD
AD
AD
play

 

မြန်မာအစိုးရက ပြည်ဝင်ခွင့်ပိတ်ပင်လိုက်တဲ့ မစ္စစ်ရန်ဟီးလီ နေရာမှာ မျှတပြီး ဘက်မလိုက်တဲ့ ပုဂ္ဂိုလ်တစ်ဦးနဲ့ အစားထိုးလာရင် နိုင်ငံခြားရေးမူဝါဒအတိုင်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောလိုက်ပါတယ်။

‘‘ရန်ဟီးလီကိုတော့ ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိဘူး။ အဲဒီတော့ သူတို့(ကုလသမဂ္ဂ)က လူစားလဲမယ်ဆိုရင် မျှတတဲ့၊ ဘက်လိုက်မှုမရှိတဲ့ လူမျိုးဆိုရင်လက်ခံမယ်။ ပူးပေါင်းဆောင်ရွက်မယ်။  ကျွန်တော်တို့က ရန်ဟီးလီကိုတော့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူး’’လို့  ဦးဇော်ဌေးက ပြောပါတယ်။

မြန်မာအစိုးရက ပူးပေါင်းဆောင်ရွက်တာတွေမလုပ်ဖို့ အကြောင်းကြားခဲ့တာက မစ္စစ်ရန်ဟီးလီအတွက်သာဖြစ်ပြီး ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်ရေးလမ်းကြောင်းကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

play

 

မစ္စစ်ရန်ဟီးလီက ၂၀၁၄ က စပြီး မြန်မာနိုင်ငံကို တစ်နှစ်ကို နှစ်ကြိမ်လာရောက်ပြီး ၂၀၁၇ ဇူလိုင်မှာ လာရောက်ခဲ့တဲ့ ခြောက်ကြိမ်မြောက် ခရီးစဉ်အပြီးမှာ အစိုးရလုံ ခြုံရေးတပ်ဖွဲ့ဝင်တွေ လူ့အခွင့်အရေးချိုးဖောက်ခဲ့တဲ့ အစီရင်ခံစာတွေရရှိကြောင်းနဲ့ အစိုးရသစ်က အရင်အစိုးရအမူအ ကျင့်တွေအတိုင်း ပြုမူနေလို့ စိတ်ပျက်ရကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

မစ္စစ်ရန်ဟီးလီရဲ့ ထုတ်ပြန်ချက်ကို မြန်မာအစိုးရက စိတ်ပျက်ကြောင်း ချက်ချင်းတုံ့ပြန်ခဲ့ပြီး သူ့ရဲ့ထုတ်ပြန်ချက်မှာ ယေဘုယျဆန်တဲ့ စွပ်စွဲချက်တွေနဲ့ မှားယွင်းတဲ့အချက်အလက်တွေ ပါဝင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

Source : 7DayDaily

Photos : Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD