play

 

မိုးလေ၀သခန့်မှန်းရေးဗဟိုဌာန ECMWF ရဲ့ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၂၄ ကနေ လာမယ့် ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ၂ ရက်အထိ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေဖြစ်တဲ့ မြန်မာနိုင်ငံအရှေ့ပိုင်း၊ မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ အအေးပိုလာနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။

ဒါ့အပြင်၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလမှာလည်း မြန်မာနိုင်ငံတ၀ှမ်းလုံးမှာ အအေးပိုနိုင်တဲ့ အလားအလာတွေရှိနေတယ်လို့ ဒေါက်တာထွန်းလွင်က ဆိုပါတယ်။

play

 

တရုတ်နိုင်ငံအရှေ့ပိုင်းဒေသတွေမှာ ဒီဇင်ဘာ ၁၆ ရက်ကနေ ၁၇ ရက်အတွင်း အအေးလှိုင်းဖြတ်ခဲ့ပြီး အဆိုပါအအေးလှိုင်းရဲ့ အဖျားခတ်မှုကြောင့် ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံဒေသအများစုမှာ ပုံမှန်ထက်အအေးပိုခဲ့ပါတယ်။

မိုးဇလဦးစီးဌာနရဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရ ထူးခြားတဲ့ညအပူချိန်တွေက နမ့်စန်မြို့မှာ (-၂)ဒီဂရီစင်တီဂရိတ်၊ လွိုင်လင်မြို့မှာ (၁) ဒီဂရီစင်တီဂရိတ်၊ သီပေါမြို့၊ ပင်လောင်းမြို့နဲ့ ဟဲဟိုးမြို့တို့မှာ (၂) ဒီဂရီစင်တီဂရိတ်စီ၊ ကျိုင်းတုံမြို့မှာ (၃) ဒီဂရီစင်တီဂရိတ်၊ လားရှိုးမြို့၊ ကျောက်မဲမြို့၊ ပြင်ဦးလွင်မြို့၊ မိုးကုတ်မြို့နဲ့ လွိုင်ကော်မြို့တို့မှာ (၄)ဒီဂရီစင်တီဂရိတ်စီအထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Source & Photos : U Tun Lwin Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video