AD
AD
AD
play

 

ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှု ဆိုင်ရာအစီအစဉ်အတွက် အိန္ဒိယအစိုးရက တစ်နှစ်ကို အမေရိကန်ဒေါ်လာ ငါးသန်း ထောက်ပံ့သွားမယ်လို့ သိရပါတယ်။

မြန်မာ -အိန္ဒိယ အစိုးရချင်း ပူးပေါင်း ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာကို ဒီဇင်ဘာလ ၂၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပြီး အိန္ဒိယအစိုးရက ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူတွေ လူမှုစီးပွားဖွံ့ဖြိုးရေး အထောက်အပံ့အဖြစ် လာမယ့် ငါးနှစ်တာကာလအတွင်း တစ်နှစ်ကို အမေရိကန်ဒေါ်လာငါးသန်း ထောက်ပံ့သွားမယ်လို့ အိန္ဒိယသံရုံးနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

play
၂၀၁၇ စက်တင်ဘာလ အတွင်းက အိန္ဒိယ၀န်ကြီးချုပ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့ တွေ့ဆုံခဲ့စဉ်။

 

အိန္ဒိယအစိုးရက ရခိုင်ပြည်နယ်အရေး ကူညီထောက်ပံ့မယ့် နားလည်မှုစာချွန်လွှာကို လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Dr.S Jaishankar တို့က  ဒီဇင်ဘာ၂၀ ရက်မှာ လက်မှတ်ရေး ထိုးခဲ့ပြီး အခုလို သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနဲ့လည်း သီးခြားတွေ့ဆုံခဲ့ပြီး နှစ်နိုင် ငံပူးပေါင်းဆောင်ရွက်ရေး၊ ဒေသတွင်းနဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Source : 7DayDaily

Photos : AFP,Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD