play

 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ အမာမြို့ ခါးပြတ်ကျေးရွာမှာ ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်းက လေပြင်းတွေတိုက်ခတ်ခဲ့လို့ ပင်လယ်ပြင်မှာ ငါးပုစွန် ဖမ်းဆီးတဲ့ ကျားဖောင် ၁၃ ဖောင်နဲ့  ၃၉ ဦး ပင်လယ်ထဲမျောပါ သွားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ကျားဖောင် ၇ ဖောင်နဲ့ အလုပ်သား ၂၁ ဦး ပြန်တွေ့ပြီး ကျားဖောင်  ခြောက်ဖောင်နဲ့ အလုပ်သား ၁၈ ဦး ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

play

 

ပျောက်ဆုံးနေသူတွေနဲ့ ကျားဖောင်တွေကို ဆက်လက်ရှာဖွေနေတယ်လို့ ဒေသတွင်းရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့က ကနေသိရပါတယ်။

အဆိုပါဒေသမှာ နှစ်စဉ်အရှေ့ဘက်ကနေ လေပြင်းတိုက်ခတ်ချိန်တွေမှာ ကျားဖောင်တွေ ကြိုးပြတ်ပြီး မျောပါတတ်ကာ ကမ်းစပ်ကို ပြန်လည်ဆိုက်ကပ်တတ် တယ်လို့ သိရပါတယ်။

Source & Photo : MOI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video