AD
AD
AD
play

 

၂ဝ၂ဝပြည့်နှစ် ရန်ကုန်မြို့မှာ ဂျပန်နိုင်ငံအကူအညီနဲ့ စတင်တည်ဆောက်မယ့် မိုးပျံလျှပ်စစ်ရထားပြေးဆွဲရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာငါးဘီလီယံခန့်ကုန်ကျမယ်လို့ ကနဦးခန့်မှန်းထားကြောင်း မြန်မာ့မီးရထားစီမံကိန်းရုံးကနေ သိရပါတယ်။

အဆိုပါစီမံကိန်းကို ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ မြန်မာ့မီးရထား၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး ဒီလိုဆောင်ရွက်ဖို့ အရင်ကတည်းက လျာထားချက်ရှိပေမယ့် လိုအပ်တဲ့ လျှပ်စစ်မရလို့ အကောင်အထည် မဖော်နိုင်ခဲ့တာလို့ ဆိုပါတယ်။

၂ဝ၂ဝ ပြည့်နှစ်လောက်မှပဲ လျှပ်စစ်အပြည့်အ၀ရဖို့ အာမခံနိုင်တဲ့အခြေအနေရှိတာကြောင့် အဲဒီအချိန်မှာစတင်လုပ်ဆောင်နိုင်ဖို့ စီမံချက်ဆွဲနေပြီး ၂ဝ၂၄ ခုနှစ်မှာ ပြေးဆွဲနိုင်ဖို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။

အဆိုပါ ရထားလမ်းတွေကို လက်ရှိမြို့ပတ်ရထားလမ်းတွေနဲ့ ချိတ်ဆက်မှာဖြစ်ပြီး တောင်နဲ့ မြောက်လမ်းကြောင်းကို ဒလမြို့နယ်ကနေ မင်္ဂလာဒုံမြို့နယ်အထိ၊ အရှေ့နဲ့ အနောက်လမ်းကြောင်းကို လှိုင်သာယာမြို့နယ်ကနေ ရန်ကုန်မြို့လယ်ကိုဖြတ်ပြီး  ဒဂုံမြို့သစ်အထိ ဖောက်လုပ်ဖို့ စီမံကိန်းရေးဆွဲထားတယ်လို့ သိရပါတယ်။

Source : Myawaddy

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD