AD
AD
AD
play

 

ရွှေတိဂုံစေတီတော်မှာ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ ကျင်းပမယ့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားနဲ့ ဂိုဏ်းပေါင်းစုံသံဃာတော်အပါး ၁၈၀၀၀တို့ကို ဆွမ်းဆန်စိမ်းလောင်းအလှူပွဲကြီးမှာ လုံခြုရေးအင်အားထိထိရောက်ရောက်တိုးမြှင့်ချထား ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

"တပ်မတော်ခေါင်းဆောင်တွေ တက်ရောက်လာမယ်ဆိုရင်အတွင်းပိုင်းမှာရဲတပ်ဖွဲ့နဲ့လုံခြုံရေးဆောင်ရွက်သွားပြီး အပြင်ဘက်မှာတော့ တပ်မတော်နဲ့ထိန်းသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြင်ဆင်နေတဲ့ အခြေနေဟာ အရေးကြီးတဲ့အတွက် လုံခြုံရေးကို ပထမဦးစားပေးအဖြစ်နဲ့ အားလုံးက ကိုယ်စီအသိနဲ့လက်ခံဆောင် ရွက်ကြပါလို့တိုက်တွန်းပြောဆိုလိုက်ပါတယ်"လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ဒီဇင်ဘာ၂၂ ရက်မှာ ကျင်းပခဲ့တဲ့ လုပ်ငန်းကော်မတီညှိနှိုင်း အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

play

 

အဆိုပါအခမ်းအနားကျင်းပရေးအတွက် လက်ရှိမှာ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး အခမ်းအနားမကျင်းပခင် ဒီဇင်ဘာ ၃၁ ရက်ညနေကစပြီး ကျင်းပမယ့်နေ့ ၂၀၁၈ ခုနှစ် ခုနှစ်ဇန်နဝါရီ ၁ ရက် မွန်းတည့် ၁၂နာရီအထိ ရွှေတိဂုံစေတီတော်ကို တက်ရောက်ဖူးမြော်ခွင့် နာရီနှစ်ဆယ်ကြာ ပိတ်ထားမှာ ဖြစ်ပါတယ်။

အခုကျင်းပမယ့် ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနားနဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးက ရွှေတိဂုံစေတီတော်သမိုင်းတစ်လျှောက် သံဃာတော်အရေအတွက်အများဆုံး ကြွရောက်ချီးမြှင့်တဲ့ အခမ်းအနားဖြစ်ပြီး အဆိုပါနေ့မှာ အိန္ဒိယနိုင်ငံမှ သံဃာတော် ၁၅ ပါးတို့လည်း ကြွရောက်ချီးမြှင့်မယ်လို့ သိရပါတယ်။

Source : STD Times

Photos : 7DayDaily, STD Times

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD