AD
AD
AD
play

 

နိုင်ငံတော်လျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးနဲ့ ၁၀ ရက်ကျော်တဲ့ အထိ တွေ့ဆုံခွင့်မရသေးဘူးလို့ အဆိုပါသတင်းထောက်တွေရဲ့မိသားစုဝင်တွေက ပြောပါတယ်။

‘‘မနေ့က (ဒီဇင်ဘာ ၂၁ ရက်)တော့ ထောက်ကြန့်ရဲစခန်း ကို သွားမေးတယ်။ ရဲမှူးမြင့်လွင်က သူတို့ စုံစမ်းစစ်ဆေးနေတယ် ပေါ့။ ကောင်းကောင်းမွန်မွန်ထား တယ်။ ဒီရန်ကုန်မြို့ထဲမှာပဲရှိပါတယ်လို့ ပြောတယ်။ ညီမကတော့ သူတို့ကျန်းမာရေးကို စိုးရိမ် တယ်လေ။ ကိုဝလုံးက သမံတလင်းပေါ်မှာအိပ်ရင်း အရင်တုန်းက ခါးစောင်းသွားဖူးတယ်။ လေဖြတ်ချင်သလိုဖြစ်ဖူးတယ်။ အခုက အေးလာတော့ စိုးရိမ်တာ ပေါ့’’လို့ သတင်းထောက်ကိုဝလုံးရဲ့ ဇနီးဖြစ်သူ မပန်းအိမွန်က ပြောပါတယ်။

play

 

ရိုက်တာသတင်းထောက်နှစ်ဦး အပြစ်မရှိရင် ဖမ်းဆီးတာတွေ ပြုမှာမဟုတ်ဘဲ ချုပ်ရမန်ကြီး ၁၅ ရက်ပြည့်ရင် မိသားစုနဲ့ တွေ့ဆုံခွင့်ရရှိနိုင်မယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မြင့်က ပြောပါတယ်။

ရိုက်တာသတင်းထောက် နှစ်ဦးနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က တရားဥပဒေနဲ့အညီ စစ်ဆေးဆောင်ရွက်နေတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောပါတယ်။

‘‘ရဲစစ်ချက်ပြီးသွားလို့ တရားရုံးတင်တဲ့အချိန်ဆိုရင်တော့ သူ တို့ရဲ့ မိသားစုနဲ့ တွေ့ခွင့်ရမယ်။ နောက် သူတို့ ကြိုက်တဲ့ရှေ့နေ ငှားခွင့်ရှိမယ်။ အခုလောလော ဆယ်မှာတော့ ဒီအတိုင်းပဲပေါ့။ ကျွန်တော်တို့လည်း မေးတယ်။ ဒါဟာ ဥပဒေနဲ့အညီ ဆောင်ရွက်တာ ဟုတ်၊ မဟုတ်ပေါ့။ ဥပဒေနဲ့ အညီ ဆောင်ရွက်နေပါတယ်လို့ ရဲဘက်ကလည်း ပြောပါတယ်။ နှိပ်စက်ညှဉ်းပန်းတာတွေ မရှိဘူး’’လို့ ဦးဇော်ဌေးက ပြောပါတယ်။

Source : 7DayDaily

Photos : Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD