AD
AD
AD
play
၂၀၁၇ ဖေဖော်ဝါလက ပင်လုံမြို့တွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးစကားဝိုင်း။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို ဒီဇင်ဘာအတွင်း ကယားပြည်နယ် လွိုင်ကော်မြို့မှာ ကျင်းပသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကယားပြည်နယ်ဥက္ကဋ္ဌ ဦးသောင်းဌေးက ပြောပါတယ်။

‘‘ပြည်နယ်အစိုးရအဖွဲ့တွေ အဲဒါတော့ ပြင်ဆင်နေတယ်။ အသက် (၃၀)နှစ်အောက် လူငယ်လေးတွေ ၁၀ ဦးလောက် ရွေး ထားဆိုလို့ ရွေးထားတယ်ဗျ။ ယောက်ျားလေးရော၊ မိန်းကလေးရော ပါတယ်ပြောတယ်။ ရက်ကတော့ ဒီလမကုန်ခင်လို့ ပြောတယ်’’လို့ ဦးသောင်းဌေးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ဇန်န၀ါရီ ၁ ရက်က နေပြည်တော်မှာ လူငယ်တွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးစကားဝိုင်းကို စတင်ပြုပြင်လုပ်ခဲ့ ရာ အခုလွိုင်ကော်တွင် ကျင်းပမယ့် စကားဝိုင်းက ဒီခုနှစ်အတွင်း (၅) ကြိမ်မြောက်ကျင်းပတာလည်း ဖြစ်ပါတယ်။

play

 

ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီမှာ နေပြည်တော်၊ ဖေဖော်ဝါရီမှာ ရှမ်းပြည်နယ် ပင်လုံ၊ ဧပြီလမှာ နေပြည်တော်၊ သြဂုတ်မှာ မန္တလေးတိုင်း ၀မ်းတွင်းမြို့နယ် မြေတိုင်ကန်ရွာတို့မှာ လူငယ်တွေ၊ တိုင်းရင်းသားတွေ၊ ကျေးလက်ပြည်သူတွေနဲ့ တွေ့ဆုံကာ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ စကားဝိုင်းဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေး စကားဝိုင်းကျင်းပမယ့် ရက်အတိအကျ မသိရသေးပေမယ့် လာမည့်တစ်ပတ်တွင်း ဖြစ်နိုင်တယ်လို့ ကယားပြည်နယ် NLD အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးဒေါက်တာ အောင်ကျော်ဌေးက ပြောပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD